မေလထဲမှာ အကြည်ထွက်လာနိုင်တဲ့ John Wick: Chapter 4
John Wick | မတ် ၂၆၊ ၂၀၂၃။
◼ Keanu Reeves နဲ့ တခြားအက်ရှင်သရုပ်ဆောင်များစွာပါဝင်ထားတဲ့ John Wick: Chapter 4 ဟာ မတ် ၂၄ မှာ ရုံတင်ပြသနေတာဖြစ်ပြီး ရုံတင်ငွေ ကန်ဒေါ်လာ ၂၉ သန်းကျော်နဲ့ အဖွင့်လှနေပြီဖြစ်ပါတယ်။
◼ ဟောလိဝုဒ်သတင်းဝက်ဘ်ဆိုက်တွေဖြစ်တဲ့ The Direct နဲ့ A Shot. တို့ရဲ့ သတင်းများအရ John Wick: Chapter 4 ရဲ့ အကြည်ဗားရှင်း digital release ဟာ မေလရဲ့ လကုန်ပိုင်းမှာ ထွက်ရှိလာဖွယ်ရှိနေကြောင်းသိရပါတယ်။
◼ ဟောလိဝုဒ်က ရုပ်ရှင်အများအပြားဟာ ရုံတင်ပြီး ၄၅ ရက် သို့မဟုတ် ၆၀ ရက် အကြာမှာ digital release ထုတ်ပေးတတ်ပေမယ့်လည်း ရုံတင်ငွေရရှိမှုအနည်းအများအပေါ်မူတည်ပြီး digital release ထွက်ရှိမှုဟာ ကြာတတ်ပါတယ်။
◼ လက်ရှိမှာတော့ John Wick: Chapter 4 ရဲ့ ရုံတင်ခိုးရိုက်ဗားရှင်းတွေဟာ အင်တာနက်ပေါ်မှာပျံ့နှံ့နေပြီဖြစ်ပါတယ်။
Ref: A Shot. Facebook
0 Comments