Porpular

6/recent/ticker-posts

R-rated cut တွေလည်းရှိဦးမယ့် Zack Snyder ရဲ့ Rebel Moon ရုပ်ရှင်များ

R-rated cut တွေလည်းရှိဦးမယ့် Zack Snyder ရဲ့ Rebel Moon ရုပ်ရှင်များ


မတ် ၂၆၊ ၂၀၂၃။

◼ ဒါရိုက်တာ Zack Snyder ရဲ့ Star Wars ပုံစံ အာကာသ sci-fi ရုပ်ရှင်တွေဖြစ်တဲ့ Rebel Moon ဟာ Netflix မှာ ပြသတော့မှာဖြစ်ပါတယ်။ Zack Snyder ရဲ့ Rebel Moon ဟာ ပထမပိုင်း (Part 1) နဲ့ ဒုတိယပိုင်း (Part 2) ဆိုပြီး နှစ်ကားခွဲပြသမှာပါ။

◼ Zack Snyder ဟာ Rebel Moon Part 1 အတွက်ရော၊ Part 2 အတွက်မှာပါ R-rated cut တစ်ခုစီပြင်ဆင်ထားပါသေးတယ်။

◼ Rebel Moon ရဲ့recording mixer တစ်ယောက်ဖြစ်တဲ့ Andy Koyama နဲ့ SlashFilm သတင်းတို့ရဲ့ အင်တာဗျူးအရ Rebel Moon တစ်ကားစီကို ရိုးရိုးဗားရှင်းနဲ့ R-rated extended cut ဗားရှင်း ဆိုပြီး ဗားရှင်းနှစ်ခုစီပြင်ဆင်ထားကြောင်း သိရပါတယ်။

◼ Snyder ဟာ လက်ရှိမှာ Rebel Moon အပေါ်ကို အဓိကအားစိုက်ပြင်ဆင်နေတာဖြစ်ပြီး ၂၀၂၁ က ထွက်ခဲ့တဲ့ Army of the Dead ရဲ့ ဆက်စပ်ပရောဂျက်တွေကိုတော့ Rebel Moon ပြီးဆုံးမှသာ ဆက်လက်လုပ်ဆောင်သွားမှာပါ။

◼ Rebel Moon ဟာ Balisarius ဆိုတဲ့ ဗီလိန်တစ်ယောက်ရဲ့ စကြဝဠာတစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်ကျူးကျော်စစ်ကို စကြဝဠာအနှံ့ကစစ်သည်တော်တွေက ပြန်လည်ခုခံကြတဲ့အကြောင်းကိုဇာတ်အိမ်ယူထားတာဖြစ်ပါတယ်။ Balisarius အဖြစ် Game of Thrones သရုပ်ဆောင် Ek Skrein က ပါဝင်ထားပါတယ်။

◼ Rebel Moon မှာ Sofia Boutella (Kingsman) က ဆန်းကြယ်အမျိုးသမီးငယ် Kora အဖြစ်၊ Djimon Hounsou က Balisarius ရဲ့ လက်ရုံးစစ်သူကြီး Titus အဖြစ်၊ DC က Cyborg သရုပ်ဆောင်ဟောင်း Ray Fisher က Blood Axe ဆိုတဲ့ စစ်သည်တော်အဖြစ်၊ Marvel ရဲ့ Odin သရုပ်ဆောင် Anthony Hopkins က Jimmy ဆိုတဲ့ စက်ရုပ်အဖြစ် အသံသရုပ်ဆောင်ထားသလို Kingdom Series သရုပ်ဆောင် Bae Donna, Charlie Hunnam (Sons of Anarchy), Jena Malone (The Hunger Games: Catching Fire) နဲ့ Cary Elwes (SAW) တို့ ပါဝင်ထားပါသေးတယ်။

◼ Rebel Moon ကို ဒီဇင်ဘာ ၂၂၊ ၂၀၂၃ မှာ ပြသမှာပါ။

Ref: SlashFilm 

McGarrett ရေးသည်။



Post a Comment

0 Comments