Porpular

6/recent/ticker-posts

Joker 2 ကြောင့် Lady Gaga အော်စကာမှာဖျော်ဖြေနိုင်မှာမဟုတ်

Joker 2 ကြောင့် Lady Gaga အော်စကာမှာဖျော်ဖြေနိုင်မှာမဟုတ်

မတ် ၉၊ ၂၀၂၃။

◼ လာမယ့် မတ် ၁၂ မှာ ကျင်းပမယ့် ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အဆိုတော် Lady Gaga တစ်ယောက် Top Gun: Maverick ရဲ့ ဇာတ်ဝင်တေး Hold My Hand နဲ့ ​လာရောက်ဖျော်​ဖြေနိုင်မှာမဟုတ်ပါဘူး။

◼ အော်စကာဆုပေးပွဲမှာ သက်ဆိုင်ရာဇာတ်ဝင်တေးဆန်ခါတင်အဆိုရှင်များကိုဖိတ်ခဲ့ပေမယ့်လည်း Lady Gaga ဟာ DC ရုပ်ရှင် Joker: Folie à Deux ရိုက်ကူးရေးကြောင့် လာရောက်​ဖျော်ဖြေနိုင်ခြင်းမရှိကြောင်း အော်စကာဆုပေးပွဲရဲ့ exec producer နဲ့ showrunner ဖြစ်သူ Glenn Weiss က ABC ရုပ်သံလိုင်းရဲ့ Sunday's Telecast အစီအစဉ်မှာ အခုလိုအတည်ပြုလာခဲ့ပါတယ်။ 

"ကျွန်တော်တို့ အကုန်လုံးကိုဖိတ်ခဲ့ပါတယ်။ Lady Gaga နဲ့လည်း အဆင်ပြေတဲ့ဆက်ဆံရေးရှိပါတယ်၊ အခုသူကရုပ်ရှင်ရိုက်လက်စတန်းလန်းကြီးဖြစ်နေလို့ပါ။"

◼ ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ Lady Gaga တစ်ယောက် Top Gun: Maverick ရဲ့ ဇာတ်ဝင်တေး Hold My Hand နဲ့ ​လာရောက်ဖျော်​ဖြေနိုင်မှာမဟုတ်ပေမယ့်လည်း တခြားသီချင်းတွေဖြစ်ကြတဲ့ Tell It Like a Woman မှ Applause, Black Panther: Wakanda Forever မှ Lift Me Up, RRR မှ Naatu Naatu နဲ့ Everything Everywhere All at Once မှ This Is a Life တို့ကိုတော့ တင်ဆက်ဖျော်ဖြေသွားမှာပါ။

◼ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၄ ရက်နေ့က Valentine's Day အထိမ်းအမှတ်အဖြစ် Warner Bros. က DC ရုပ်ရှင် Joker: Folie á Deux ရဲ့ First Look ဓာတ်ပုံတစ်ပုံကိုပြသလာပါတယ်။

◼ Joker: Folié A Deux ကို အောက်တိုဘာ ၂၄၊ ၂၀၂၄ မှာ ရုံတင်သွားမှာဖြစ်ပါတယ်။

Ref: THR

McGarrett ရေးသည်။



Post a Comment

0 Comments