Porpular

6/recent/ticker-posts

Kevin Feige နဲ့ Patty Jenkins တို့ရဲ့ Star Wars ရုပ်ရှင်များ ဖျက်သိမ်းခံရ

Kevin Feige နဲ့ Patty Jenkins တို့ရဲ့ Star Wars ရုပ်ရှင်များ ဖျက်သိမ်းခံရ

Star Wars | မတ် ၈၊ ၂၀၂၃။

◼ The Mandalorian Season 3 ဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ပွဲထွက်လှနေပေမယ့် အသစ်ထွက်မယ့် Star Wars ရုပ်ရှင်တွေအတွက် သတင်းသစ်တစ်ခု ထွက်လာပါတယ်။

◼ Marvel Studios ဥက္ကဌ Kevin Feige တို့အဖွဲ့ ရိုက်ကူးမယ့် Star Wars ရုပ်ရှင်တစ်ကားနဲ့ Wonder Woman ဒါရိုက်တာ Patty Jenkins ရိုက်ကူးမယ့် Star Wars: Rogue Squardon တို့ကို Lucasfilm ဘက်က ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

◼ Lucasfilm ဟာ Kevin Feige နဲ့ Patty Jenkins တို့ရဲ့ Star Wars ရုပ်ရှင်တွေကို ထုတ်လုပ်ဖို့ပြင်ဆင်ခြင်းမလုပ်တော့ပဲ ဖျက်သိမ်းလိုက်ပေမယ့်လည်း Thor: Love and Thunder ဒါရိုက်တာ Taika Waititi ရဲ့ Star Wars ရုပ်ရှင်အပါအဝင် Ms. Marvel ဒါရိုက်တာ Sharmeen Obaid-Chinoy ရဲ့ Star Wars ရုပ်ရှင် နဲ့ တခြား Star Wars ရုပ်ရှင်တွေကိုတော့ ပြင်ဆင်တည်ဆောက်နေကြောင်း Variety သတင်းဌာနရဲ့ သတင်းဆောင်းပါးအရ သိရပါတယ်။ 

◼ အဆိုပါဆောင်းပါးအရ Taika Waititi ဟာ သူရိုက်ကူးမယ့် Star War ရုပ်ရှင်မှာ သူကိုယ်တိုင်ပါဝင်ဖို့အတွက် လမ်းစရှာနေကြောင်းလည်း သိရပါတယ်။

◼ အထက်ဖော်ပြပါအကြောင်းအရာတွေအပါအဝင် Star Wars ရုပ်ရှင်တွေနဲ့ဆက်စပ်အကြောင်းအရာတွေကို Lucasfilm ဘက်က တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

◼ Star Wars ပရိသတ်တွေအနေနဲ့ Star Wars မှာ ဘာတွေစီစဥ်နေလဲနဲ့ Skywalker Saga အပြီးမှာ ဘယ်လို Star Wars ရုပ်ရှင်တွေကိုကြည့်ရမလဲဆိုတာကတော့ လာမယ့် ဧပြီလမှာကျင်းပမယ့် Star Wars Celebration Europe convention မှာ သိရဖွယ်ရှိပါတယ်။

ပုံစာ (ဝဲမှယာ) - Kevin Feige, Patty Jenkins, Taika Waititi. 

Ref: Variety

McGarrett ရေးသည်။




Post a Comment

0 Comments