Marvel ရုပ်ရှင်တွေမှာ အားနည်းချက်အသေးစားတစ်ခုရှိတယ်လို့ S.S. Rajmouli ပြောလာ
မတ် ၆၊ ၂၀၂၃။
◼ အိန္ဒိယတောင်ပိုင်း Tollywood ရုပ်ရှင် RRR ဟာ အနောက်တိုင်းရုပ်ရှင်လောကအထိပါပေါက်ရောက်နေပြီး ဒါရိုက်တာ S.S. Rajmouli အပါအဝင် RRR သရုပ်ဆောင်တွေဖြစ်ကြတဲ့ Jr. NTR နဲ့ Ram Charan တို့ဟာလည်း Hollywood ရဲ့ စိတ်ဝင်စားမှုကိုရရှိနေပါတယ်။
◼ The New Yorker နဲ့ အင်တာဗျူးတစ်ခုမှာ S.S. Rajmouli က MCU ရဲ့ Marvel ရုပ်ရှင်တွေကို အက်ရှင်ပြကွက်တွေကြောင့်ကြည့်ရှုသဘောကျတာဖြစ်ပေမယ့်လည်း တည်းဖြတ်မှုအပိုင်းမှာ အားနည်းချက်အသေးစားတစ်ခုတော့ရှိနေတာကိုတွေ့တယ် လို့ ထောက်ပြလာပါတယ်။
"အက်ရှင်ပြကွက်တွေကထူးချွန်လွန်းပေမယ့် တည်းဖြတ်မှုအပိုင်းမှာမြန်လွန်းနေတယ်။ အဲဒါကြောင့် တစ်ခန်းစီကိုကြည့်တဲ့အခါမှာနစ်မြောမနေပဲနဲ့ ဖြစ်သွားတတ်တာပေါ့။ တစ်ခါတလေကျ ဘယ်သူနဲ့ဘယ်သူချနေတာလဲ၊ ဘယ်သူကဘယ်သူ့ကိုထိုးနေတာလဲ ဆိုတဲ့ပြကွက်မျိုးကိုမတွေ့ရဘူး။ အက်ရှင်ခန်းတွေကတော့အကုန်ကောင်းတယ်။ အဲဒီဟာလေးတစ်ခုပဲပြောစရာရှိတာပါ။ အဲဒီရုပ်ရှင်တွေမှာ သပ်ရပ်တဲ့အက်ရှင်ပြကွက်တွေပါတယ်။ အဲဒါကြောင့်ပဲ Marvel ကားတွေကို ကျွန်တော်ကြည့်တာပေါ့ဗျာ။"
◼ S.S. Rajmouli ရဲ့ အဲဒီလိုပြောဆိုချက်ဟာ ပရိသတ်တွေကြားမှာစကားသံတချို့ထွက်ပေါ်လာနေပါတယ်။
Ref: Indian Express
Sub-Zero ရေးသည်။
0 Comments