Woverine ဖြစ်ချင်တယ်ဆိုတဲ့ Keanu Reeves
Marvel | မတ် ၆၊ ၂၀၂၃။
◼ နာမည်ကျော် Matrix ရုပ်ရှင်ကားကြီးတွေနဲ့
John Wick ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Keanu Reeves ဟာ Marvel ဇာတ်ကောင် The Woverine အဖြစ်သရုပ်ဆောင်ချင်နေခဲ့ကြောင်း ပြောပြလာပါတယ်။
◼ John Wick Chapter 4 ကို Promotion လုပ်တဲ့အနေနဲ့ Keanu Reevesဟာ Reddit ရဲ့ Ask Me Anything subreddit Channel မှာ ပရိသတ်တွေမေးသမျှကိုဖြေပေးရတဲ့အစီအစဉ်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။
◼ အဲ့ဒီအစီအစဉ်မှာ ပရိတ်သတ်တစ်ယောက်က ငြင်းလိုက်မိလို့ နောင်တရခဲ့တဲ့ဇာတ်ကောင်မျိုးတွေရှိခဲ့လား လို့မေးမြန်းမှုအပေါ် Keanu Reeves က အဲ့လိုဇာတ်ကောင်မျိုးတော့မရှိကြောင်း၊ ဒါပေမဲ့ သူ့အနေနဲ့ Woverine ဇာတ်ကောင်ကိုတော့ အမြဲတမ်းသရုပ်ဆောင်ချင်နေခဲ့ကြောင်း ပြောပြလာပါတယ်။
မေး - ငြင်းလိုက်မိလို့ နောင်တရခဲ့တဲ့ဇာတ်ကောင်မျိုးတွေရှိခဲ့လား။
ဖြေ - မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် Woverine အနေနဲ့တော့ အမြဲတမ်း သရုပ်ဆောင်ချင်နေခဲ့တာဗျ
◼ လက်ရှိအနေအထားအရ Deadpool 3 ဟာ MCU ကို ရောက်လာပြီဖြစ်တဲ့အတွက် Hugh Jackman ဟာ တစ်ဦးတည်းသော Wolverine ဖြစ်နေဆဲပါပဲ။
Ref: Reddit
ကိုခွေး ရေးသည်။
0 Comments