ဂရိဒဏ္ဍာရီထဲက Medusa ကို ရုပ်ရှင်အဖြစ်ထုတ်လုပ်သွားမယ်
မတ် ၅၊ ၂၀၂၃။
◼ ဂရိဒဏ္ဍာရီထဲက နာမည်ကျော်ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Medusa ကို ဟောလိဝုဒ်ကထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Vinson Films နဲ့ Amazon Prime Video တို့က ရုပ်ရှင်တစ်ကားအဖြစ် ထုတ်လုပ်ဖန်တီးသွားတော့မှာဖြစ်ပါတယ်။
◼ Medusa ရုပ်ရှင်ဟာ adventure အမျိုးအစားဖြစ်ပြီး HBO ရဲ့ Watchmen ဇာတ်လမ်းတွဲရဲ့ဒါရိုက်တာ Nicole Kassell က ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ညွှန်းကိုတော့ Guardians of the Galaxy နဲ့ Captain Marvel ရဲ့ ဇာတ်ညွှန်းဆရာမ Nicole Perlman က ရေးသားပေးသွားမှာပါ။
◼ Medusa ဟာ ဂရိဒဏ္ဍာရီလာ ဂေါ်ဂွန်မကောင်းဆိုးဝါးသုံးကောင်ထဲကတစ်ကောင်ဖြစ်ပြီး သူ့ရဲ့ခေါင်းပေါ်မှာ အဆိပ်ပြင်းတဲ့မြွေတွေဟာ ဆံပင်တွေအဖြစ်ရှိနေပါတယ်။ Medusa နဲ့ အကြည့်ချင်းဆုံမိတဲ့သူတွေဟာ ကျောက်တုံးအဖြစ်ပြောင်းလဲသွားတတ်ပါတယ်။
◼ Medusa ရုပ်ရှင်မှာ Medusa နေရာကနေ ဘယ်သူသရုပ်ဆောင်မလဲနဲ့ ဘယ်တော့ပြသမလဲဆိုတာကတော့ မသိရသေးပါဘူး။
Ref: THR
McGarrett ရေးသည်။
0 Comments