Pirates of the Caribbean ကို ဆက်လက်ထုတ်လုပ်စေချင်ကြသူများ
မတ် ၄၊ ၂၀၂၃။
◼ Johnny Depp ဟာ Captain Jack Sparrow ဇာတ်ကောင်နဲ့ ပရိသတ်ရဲ့ရင်ထဲမှာနေရာအခိုင်အမာယူထားပေမယ့်လည်း Disney ဘက်က Amber Heard နဲ့ အမှုကိစ္စကြောင့် Johnny Depp ကို Pirates of the Caribbean ရုပ်ရှင်တွေကနေ ထုတ်ပယ်လိုက်ပြီး Margot Robbie နဲ့ Pirates of the Caribbean ရုပ်ရှင်သစ်ထုတ်လုပ်ဖို့စီစဥ်ခဲ့ပါတယ်။
◼ Amber Heard နဲ့ ၂၀၂၂ က တရားခွင်ရုံးချိန်းတစ်ခုမှာ Johnny Depp ဟာ Disney ဘက်က ငွေဘယ်လောက်ပေးပေး Captain Jacksparrow ဇာတ်ကောင်ကို လုံးဝပြန်မလာပေးဘူး ဆိုပြီး အပြတ်ငြင်းခဲ့ပါတယ်။
◼ Johnny Depp ဘက်က အဲဒီလိုငြင်းခဲ့ပေမယ့်လည်း Pirates of the Caribbean တွေရဲ့ထုတ်လုပ်သူ Jerry Bruckheimer အပါအဝင် နောက်ထပ် သရုပ်ဆောင်နှစ်ယောက်က Pirates of the Caribbean ရုပ်ရှင်တွေကို ဆက်လက်ထုတ်လုပ်စေချင်နေပါတယ်။
◼ Pirates of the Caribbean တွေမှာ Will Turner အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Orlando Bloom ဟာ Will Turner အဖြစ် နောက်ထပ်သရုပ်ဆောင်ဖို့ဝန်မလေးကြောင်း Parades မဂ္ဂဇင်းနဲ့အင်တာဗျူးတစ်ခုမှာပြောပြလာပါတယ်။ Orlando Bloom ဟာ Will Turner အဖြစ် Pirates of the Caribbean လေးကားမှာ သရုပ်ဆောင်ခဲ့တာပါ။
◼ နောက်ထပ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Jack Davenport ဟာလည်း Pirates of the Caribbean ကို Star Wars လိုမျိုး spin-off တွေ ထပ်မံထုတ်လုပ်စေချင်ပြီး သူ့ရဲ့ဇာတ်ကောင် Commandore James Norrington ကိုလည်း ကိုယ်ပိုင် spin-off ထုတ်ပေးစေချင်ကြောင်း Entertainment Weekly မဂ္ဂဇင်းနဲ့အင်တာဗျူးကနေတစ်ဆင့် ထုတ်လုပ်သူ Jerry Bruckheimer ကို လှမ်းအသိပေးခဲ့ပါတယ်။
◼ ငါးကားမြောက် Pirates of the Caribbean ရုပ်ရှင် Dead Men Tell No Tales (Salazar's Revenge) မှာ ခြောက်ကားမြောက်အတွက် ဇာတ်လမ်းအစပျိုးထားခဲ့ပေမယ့်လည်း Disney နဲ့ Johnny Depp ကြားကကိစ္စရပ်တွေကြောင့် မထွက်ခဲ့ရတာပါ။
◼ Pirates of the Caribbean တွေနဲ့ပတ်သက်ပြီး Disney ဘက်က တစ်စုံတစ်ရာ တရားဝင်အတည်ပြုလာခြင်းမရှိသေးပါဘူး။
Ref: Internet
McGarrett ရေးသည်။
0 Comments