Pathaan ရုပ်ရှင် | အထင်အမြင်
မတ် ၂၂၊ ၂၀၂၃။
(Shah Rukh Khan ဖန်အစွဲရှိပါက ဖတ်ရန်မသင့်တော်ပါ)
◼ Amusement ဖြစ်တယ်။ SRK ရုပ်ရှင် ဆိုပြီး စွဲမက်တမ်းတနေအောင်အထိမကောင်းဘူး။ YRF Spy Universe ကို ရှေ့ဆက်ဖို့အတွက်တော့ လုံလောက်တယ်။ Cinematic Universe ရုပ်ရှင်အနေနဲ့ War ထက် ပိုပြီး ကောင်းတယ်။ ဇာတ်ညွှန်းအားနည်းတယ်။ ဗီလိန်ဇာတ်လမ်းတောင့်ပြီး ဟီးရိုးရဲ့ဇာတ်က အားနည်းတယ်။ Pathaan 2 ထွက်ရင် ဇာတ်လမ်းပိုကောင်းဖို့လိုတယ်။
◼ ဇာတ်လမ်းအပိုင်းမှာတော့ Pathaan ဟာ Hollywood ရဲ့ အရိပ်အယောင်တွေအများကြီးတွေ့ရတယ်။ ဒါပေမယ့် အားနည်းလွန်းတယ်။ တောင်ပိုင်းတမီလ်အက်ရှင်ဇာတ်လမ်းတွေနဲ့ယှဥ်ရင် Pathaan ရဲ့ ဇာတ်အိမ်တည်ဆောက်မှုပုံစံက အားနည်းတာကိုတွေ့ရပါလိမ့်မယ်။
◼ တစ်ယောက်ချင်းစီကနေစပြီးသုံးသပ်ရရင် Shah Rukh Khan မှာ ဒီကားကို အားမရခဲ့ဘူး။ အားမရဘူးဆိုတာက ဇာတ်ကောင်ကိုမပီပြင်ဘူးပြောတာမဟုတ်ဘူး။ ဇာတ်လမ်းမှာတော်တော်အားနည်းနေလို့ ဇာတ်ကောင် မပီပြင်တဲ့အနေအထားကိုရောက်သွားတာ။ Bollywood အက်ရှင်ကားတွေမှာ လိုအပ်နေတဲ့အဓိကအချက်က မင်းသားကိုဦးတည်ပြီးဇာတ်ကိုဆွဲဆွဲသွားတာ၊ ဝါဒဖြန့်ရုပ်ရှင်အရမ်းဆန်တာ ပါပဲ။ ဆိုလိုတာက မင်းသားကိုတည်ပြီးဇာတ်လမ်းတည်ပေမယ့် ဗီလိန်ဇာတ်ကြီးဖြစ်သွားတယ်။ ဗီလိန်ဇာတ်ကြီးဖြစ်နေပေမယ့်လည်း ဗီလိန်ကအခန်းပိုမရပဲ မင်းသားကပဲဇာတ်လမ်းမှာလုပ်ကွက်ပိုရနေတယ်။
◼ Deepika Padukone ကို လုပ်ကွက်ပိုပြီးရစေချင်တယ်။ Deepika Padukone က အခန်းများပေမယ့် သူ့ရဲ့လုပ်ကွက်က ဘာမွေရေရရာရာမရှိဘူး။ သဘောကျမိတာကတော့ John Abraham ရဲ့ Jim ဇာတ်ရုပ်ကိုပါပဲ၊ ကွက်တိသရုပ်ဆောင်နိုင်တယ်။ Dhoom က antagonist ဇာတ်ကောင်စရိုက်တွေကို ပြန်မြင်နေသလိုကိုခံစားရတယ်။
◼ VFX အပိုင်းမှာ Bollywood ရဲ့ ပေတံနဲ့ယှဉ်မယ်ဆိုရင် Pathaan က မဆိုးတဲ့အနေအထားမှာရှိနေတာကိုတွေ့ရတယ်။ ဒါပေမယ့် Kabir Khan ရဲ့ ပထမဆုံး Ek Tha Tiger ကို မမှီခဲ့ဘူး။ အက်ရှင်ဖိုက်တင်ခန်းတွေအရမ်းအားရဖို့ကောင်းတယ်။ ဇာတ်ရဲ့ဒုတိယပိုင်းအက်ရှင်ပြကွက်တွေက Hollywood ရဲ့ low budget action sequence ပုံစံမျိုးတွေတွေ့ရတယ်။ Captain America: Winter Soldier, Hobbs & Shaw စတိုင်တွေ ထည့်သုံးထားတယ်။ Hollywood ရုပ်ရှင်တွေကို အများကြီး reference ယူထားတာတွေလည်းပါတယ်။ ဒါကလည်း အပြစ်ဆိုစရာမရှိပါဘူး။
◼ Pathaan 2 ကို Siddharth Anand အစား တခြား ဇာတ်ညွှန်းဆရာကောင်းကောင်းနဲ့ပဲရေးစေချင်တယ်။ Pathaan ပေါက်သွားတယ်ဆိုတာက Siddharth Anand တော်လို့တော့မဟုတ်ဘူး။ ပရိသတ်က Khan ကို မမြင်ရတာကြာလို့နဲ့ ကျန်တဲ့သရုပ်ဆောင် weight တွေကြောင့် ပေါက်သွားတာပါပဲ။ ဒါကိုသွေးနားထင်တက်နေရင်တော့လည်း မပြောတတ်ပါဘူး။
◼ Spy Universe ရဲ့ တကယ်စောင့်ကြည့်ရမယ့်ဇာတ်က Tiger 3 မှာပါ။
MVE Score: 6/10
0 Comments