Porpular

6/recent/ticker-posts

Winnie the Pooh: Blood and Honey | အထင်အမြင်

Winnie the Pooh: Blood and Honey | အထင်အမြင်

မတ် ၂၂၊ ၂၀၂၃။

◼ 100 Acres Forest မှာ Christopher Robin ရယ်၊ သူငယ်ချင်းတိရစ္ဆာန်လေးငါးကောင်ရယ် အတူတူနေကြတယ်၊ နောက်ပိုင်းမှာ Christopher Robin က သူတို့ကိုထားခဲ့ပြီး မြို့မှာကျောင်းသွားတက်တဲ့အခါမှာ အဲဒီငါးကောင်က တောစိတ်ဝင်လာပြီး လာသမျှလူတွေကို သတ်ဖြတ်တဲ့ဇာတ်လမ်းအကြောင်း ဖြစ်ပါတယ်။

◼ Terrifier 2 ကို ဆိုးလှပြီထင်ခဲ့တာ။ ဒီကားက Terrifier 2 ထက် ပိုပြီးဆိုးနေတာပါပဲ။ ဘတ်ဂျက်မရှိပဲ အကြီးကြီးတွေလုပ်ပြတယ်၊ Winnie နဲ့ Piglet ဆို အရုပ်ကြီးထဲလူဝင်ထားတာအရမ်းသိသာလွန်းနေတာပါပဲ။ ပါဝါရိမ်းဂျားစီးရီးတွေမှာ မွန်းစတားတွေတောင် အဲဒီနှစ်ကောင်ထက်ပိုပြီးကြည့်ကောင်းဦးမယ်။ 

◼ ဇာတ်အိမ်မရှိဘူး။ ဇာတ်လမ်းက ဘာကိုဆိုလိုချင်လဲဆိုတာလည်းပါမလာဘူး။ ဆွဲဆောင်နိုင်မယ့်မြှုပ်ကွက်လဲမပါသလို climax လည်း မရှိဘူး။ တော်တော်လေးကိုမကောင်းတဲ့ဇာတ်လမ်းပါပဲ။ 

◼ သရုပ်ဆောင်တွေကတော့ တော်တော်များများက သူ့နေရာသူအံဝင်ဂွင်ကျရှိပေမယ့် Mary သရုပ်ဆောင်က စာကျက်နေတဲ့အတိုင်း ဒိုင်ယာလော့ခ်တွေရွတ်နေတာကြီးကတော့ များတယ်။

◼ Slasher အမျိုးအစားဖြစ်တဲ့အတွက် သတ်တာဖြတ်တာတွေက မဆိုးဘူး လို့ ချီးကျူးရမယ့်အနေအထားတစ်ခုတော့ရှိပါတယ်။ ဒါရိုက်တာက တစ်ချက်တစ်ချက်ပညာပြပေမယ့်လည်း အဲဒီပညာပြတာကြီးက ဆဲချင်စရာဖြစ်သွားတာလေးပါပဲ။

◼ အနှစ်ချုပ်ပြောရရင်တော့ စုတ်ပြတ်တဲ့ slasher ရုပ်ရှင်ပါပဲ။

MVE Score: 3/10

Sub-Zero ရေးသည်။




Post a Comment

0 Comments