Porpular

6/recent/ticker-posts

Season 1 မှာတင် ဖျက်သိမ်းခံလိုက်ရပြီဖြစ်တဲ့ Lucasfilm ရဲ့ Willow ဇာတ်လမ်းတွဲ

Season 1 မှာတင် ဖျက်သိမ်းခံလိုက်ရပြီဖြစ်တဲ့ Lucasfilm ရဲ့ Willow ဇာတ်လမ်းတွဲ

မတ် ၁၆၊ ၂၀၂၃။

◼ High fantasy Series ကောင်းတစ်ခုဖြစ်တဲ့ Willow ကတော့ Season 1 နဲ့တင် အဆုံးသတ်သွားခဲ့ပါပြီ။

◼ Willow ဟာ ၁၉၈၈ မှာ Star Wars ပဲ့ကိုင်ရှင် George Lucas က ဖန်တီးခဲ့တဲ့ High fantasy ဘိုးအေ ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။

◼ ဒါကို ၂၀၂၀ မှာ Series အနေနဲ့ ပြန်ထုတ်တော့ Rotten Tomatoes မှာ 83% နဲ့ အခြေအနေတော်တော်လေးကောင်းခဲ့ပေမယ့်လည်း အကြောင်းကြောင်းကြောင့် Season 2 ကို ထပ်ရိုက်ဖြစ်မှာ မဟုတ်တော့သလို Character အသစ်တွေကိုလည်း ထပ်မံ မိတ်ဆက်လာတော့မှာ မဟုတ်ကြောင်း Variety မှ အတည်ပြုခဲ့ပါတယ်။

◼ ဒါပေမယ့် Willow ဆိုတာ fantasy ဇာတ်ကား ကြိုက်သူတွေအတွက် တကယ့် အနှစ်တွေကြီးပါပဲ။ ဇာတ်လမ်းက The lord of the ring ထပ်တောင် Creature တွေ၊ စွန့်စားခန်းတွေ၊ နယ်မြေတွေ ပိုများသလို ဇာတ်အိမ်ကလည်း အတော်ကြီးပါတယ်။

◼ အပြိုင်ကမ္ဘာတွေ၊ Armor တွေ၊ Creature တွေနဲ့ Magic တွေက ဇာတ်ကားထဲမှာရော Series ထဲမှာပါ တော်တော်လေး အချိတ်ဆက်မိမိနဲ့ အားလုံးကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးသွားသလို Season 2 မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုပါ သိချင်အောင် ဆွဲခေါ်သွားနိုင်ပါတယ်။

◼ Willow ဆိုတာကတော့ မှော်ဆရာအရမ်းဖြစ်ချင်တဲ့ လူပုလေးတစ်ယောက်ပေါ့။ ဖြစ်ချင်တော့ Daikinis တွေနေထိုင်တဲ့ တိုင်ပြည်ရဲ့ စုန်းဘုရင်မကြီးက သူ့ကိုနှိမ်နင်းဖို့ ကလေးမလေးတစ်ဦး အစေခံတစ်ယောက်စီမှာ မွေးဖွားလာမယ်ဖြစ်ကြောင်း သတင်းရလို့ အစေခံရော ကလေးကိုပါ သတ်ဖို့ လုပ်ရာကနေ ကလေးကို ကယ်ရင်း Willow တို့ရွာစီ အယ်လိုရာဆိုတဲ့ အမှတ်သားနဲ့ မိန်းကလေး ရောက်လာပါတော့တယ်။

◼ ရွာက Daikinis တွေဆို လက်မခံတော့ Daikinis တွေနေထိုင်တဲ့ မြို့ကို Willow ကို ပြန်ပို့ဖို့ လုပ်ရင်း အဖမ်းခံထားရတဲ့ ကြေးစား စစ်သားနဲ့ ခရီးဆက်ပုံတွေကို fantasy ဆန်ဆန် ပုံဖော်ထားပါတယ်။

◼ ဇာတ်ကားထဲမှာ ပုံဖော်ထားထက် Series ထဲမှာ ပုံဖော်ထားတာက အယ်လိုရာဆို Scarlet Witch လိုမျိုး Power တွေနဲ့ ကြည့်ရတာ တော်တော် အရသာတွေ့လှပါတယ်။

◼ မကြည့်ရသေးရင် ကြည့်ကြည့်ဖို့ညွန်းပေးပါရစေ။

John Snow ရေးသားသည်။



Post a Comment

0 Comments