Porpular

6/recent/ticker-posts

Superman: Legacy ရုပ်ရှင်ကို James Gunn ကိုယ်တိုင် တာဝန်ယူရိုက်ကူးမယ်

Superman: Legacy ရုပ်ရှင်ကို James Gunn ကိုယ်တိုင် တာဝန်ယူရိုက်ကူးမယ်


DC | မတ် ၁၆၊ ၂၀၂၃။

◼ DC Universe သစ်ရဲ့ ပထမဆုံး Superman ရုပ်ရှင် Superman: Legacy ကို DC Studios ရဲ့ CEO ဖြစ်သူ James Gunn ကိုယ်တိုင် ရိုက်ကူးသွားမှာဖြစ်ပါတယ်။

◼ Warner Bros. နဲ့ Discovery ကုမ္ပဏီတို့ ပူးပေါင်းမှုအပြီး Warner Bros. Discovery ဖြစ်ပေါ်လာပြီးနောက်မှာ James Gunn နဲ့ Peter Safran တို့ DC Studios ရဲ့ဥက္ကဌတွေဖြစ်လာပြီးနောက်အစီအစဉ်ချခဲ့တဲ့ ဆယ်နှစ်စာ Planထဲကပထမဆုံးရုပ်ရှင်ကတော့ Superman: Legacy ပဲဖြစ်ပါတယ်။ 

◼ အစပိုင်းမှာတော့ဒီရုပ်ရှင်အကြောင်းကို James Gunn ကဇာတ်ညွှန်းရေးပြီး Peter Safran ကထုတ်လုပ်မယ်။ Superman သရုပ်ဆောင် ခပ်ငယ်ငယ်ကိုရွေးမယ်။ Smallvilleမှာအခြေခံမယ်ဆိုတာကလွဲ ကျန်တာ မသိရသေးပေမယ့် ဒီကနေ့မှာတော့ James Gunn ရဲ့ Twitter Tweet တစ်ခုကြောင့် ဒီထက်ပိုသိလာရပါပြီ။ အဆိုပါ Tweet မှာတော့ James Gunn ဟာ ဒီရုပ်ရှင်ကိုကိုယ်တိုင်ရိုက်ကူးမှာဖြစ်ပြီး ဇွန် ၁၁၊ ၂၀၂၅မှာ ထွက်မယ်လို့ အတည်ပြုလာပါတယ်။

"ဟုတ်ပါတယ် ။ ၂၀၂၅ ဇွန်လ ၁၁ ရက်နေ့မှာထွက်မယ့် Superman Legacy ကို ကျွန်တော်ကိုယ်တိုင်ရိုက်ကူးသွားမှာပါ။ ကျွန်တော့်ညီ Matt ကတော့ Release Date ကိုမြင်တော့ ငိုမိတယ်လို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်ကဘာလို့လဲလို့မေးတော့ အစ်ကိုရာ အဲ့ဒါအဖေ့မွေးနေ့လေကွာ လို့ကျွန်တော့်ကိုပြန်ပြောတယ်ဗျ။"

◼ DCUniverse သစ်ရဲ့ ပထမအဆင့် Chapter 1: Gods and Monsters မှာ တရားဝင်ကြေညာထားတဲ့ပရောဂျက်ဆယ်ခုရှိပါတယ်။

Ref: Variety

ကိုခွေး ရေးသည်။





Post a Comment

0 Comments