Porpular

6/recent/ticker-posts

Wednesday ဇာတ်လမ်းတွဲကိုငြင်းခဲ့ဖူးတဲ့ သရုပ်ဆောင် Jenna Ortega

Wednesday ဇာတ်လမ်းတွဲကိုငြင်းခဲ့ဖူးတဲ့ သရုပ်ဆောင် Jenna Ortega

မတ် ၂၀၊ ၂၀၂၃။

◼ သရုပ်ဆောင် Jenna Ortega ပါဝင်ထားတဲ့ Netflix ဇာတ်လမ်းတွဲ Wednesday ဟာ Netflix ရဲ့ အကောင်းဆုံးအင်္ဂလိပ်စကားပြောဇာတ်လမ်းတွဲစာရင်းမှာပါဝင်ခဲ့သလို ပရိသတ်အားပေးမှုကိုလည်း အများဆုံးရခဲ့ပါတယ်။

◼ ပရိသတ်တွေအတွက် အံ့သြသွားစရာ အကြောင်းအရာကတော့ Jenna Ortega တစ်ယောက် အဲဒီလိုအောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲမှာပါဝင်ဖို့အတွက်ငြင်းခဲ့ဖူးပါတယ်။

◼ The Times UK သတင်းစာနဲ့ အင်တာဗျူးတစ်ခုမှာ Jenna Ortega ဟာ Wednesday မှာ Wednesday Addams အဖြစ် ပါဝင်ဖို့ မကြာခဏငြင်းခဲ့ဖူးကြောင်း ပြောကြလာပါတယ်။

◼ ရုပ်ရှင်တွေကိုပဲရိုက်ကူးလိုတဲ့အတွက် Wednesday ကို ငြင်းခဲ့ဖူးကြောင်းကို Jenna Ortega က အဆိုပါအင်တာဗျူးမှာ အခုလိုပြောလာပါတယ်။

"ကျွန်မဆီအီးမေးလ်ဝင်လာတယ်၊ ကျော်လိုက်တယ်။ ကျွန်မဘဝမှာ TV series တွေ အများကြီးရိုက်ခဲ့ပြီးပြီ။ ကျွန်မက ရုပ်ရှင်ပဲရိုက်ချင်တာလေ၊ ကိုယ့်ကိုယ်ကိုသက်သေပြဖို့ပေါ့။ TV Series တစ်ခုရိုက်ဖို့စာချုပ်ချုပ်လိုက်ရင် ကျွန်မတကယ်သဘောကျပြီးလုပ်ချင်တဲ့တခြားအလုပ်တွေကိုလက်လွှတ်လိုက်ရမှာလည်းကြောက်တယ်။ ကျွန်မ TV Series ပြန်ရိုက်တယ်ဆိုတာကလည်း Tim က တကယ့်ဆရာကြီးဖြစ်နေလို့ပါ၊ ကျွန်မနဲ့သူနဲ့တော်တော်အလုပ်လုပ်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကျွန်မကတော့ "တော်လောက်ပြီထင်တယ်" လို့ ကိုယ့်ကိုယ်ကိုခဏခဏပြောနေဖြစ်သေးတယ်။"

◼ Wednesday ဟာ အောင်မြင်မှုအကြီးကြီးရခဲ့မယ်လို့မထင်ခဲ့ကြောင်းလည်း Jenna Ortega ဟာ အဲဒီအင်တာဗျူးမှာပြောခဲ့ပါသေးတယ်။

◼ Jenna Ortega ဟာ A24 ရဲ့ X, Paramount ရဲ့ Scream VI အပြင် တခြားရုပ်ရှင်တွေဖြစ်တဲ့ Iron Man 3, Insidious Chapter 2 နဲ့ The Babysitter: Killer Queen တို့မှာလည်း ပါဝင်ခဲ့ပါတယ်။

◼ Wednesday ဟာ နောက်ထပ် Season 2 ထွက်ရှိမှာဖြစ်ပါတယ်။

Ref: Variety

McGarrett ရေးသည်။





Post a Comment

0 Comments