Porpular

6/recent/ticker-posts

16+ အဆင့် rating သတ်မှတ်ခံရတဲ့ Marvel ဇာတ်လမ်းတွဲ Secret Invasion

16+ အဆင့် rating သတ်မှတ်ခံရတဲ့ Marvel ဇာတ်လမ်းတွဲ Secret Invasion


ဧပြီ ၂၈၊ ၂၀၂၃။

◼ ၂၀၂၃ အတွက် ပထမဆုံး MCU Disney+ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Secret Invasion ဟာ လာမယ့် ဇွန် ၂၁၊ ၂၀၂၃ မှာ Disney+ မှာ စတင်​ပြသတော့မှာဖြစ်ပါတယ်။

◼ Disney+ ရဲ့ တရားဝင်ဖော်ပြချက်အရ ''Secret Invasion ဟာ မကြာခင်မှာ Disney+ ပေါ်သို့ရောက်လာတော့မှာဖြစ်ပြီး Captain Marvel မှာ စတင်တွေ့ဆုံခဲ့တဲ့ Nick Fury နဲ့ Talos တို့က အဓိကဇာတ်ကောင်တွေအနေနဲ့ပါဝင်သွားမှာပါ။ Secret Invasion ဟာ ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ လူထုကြားပြန့်နှံ့စိမ့်ဝင်လာတဲ့ အသွင်ပြောင်း Skrull ဂြိုလ်သားအဖွဲ့တစ်ဖွဲ့အကြောင်း ကြည့်ရမယ့် Crossover Events Serieတစ်ခုဖြစ်ပါတယ်'' လို့ သိရပါတယ်။

◼ Secret Invasion ရဲ့ rating သတ်မှတ်ချက်ဟာ 16+ အဆင့်ရှိကြောင်း Disney+ UK ရဲ့ ဖော်ပြချက်အရသိရပါတယ်။ အဲဒါကြောင့် Secret Invasion ဟာ Moon Knight နဲ့ Werewolf by Night အပြီး 16+ အဆင့် သတ်မှတ်ခံရတဲ့ တတိယမြောက် Disney+ Marvel ပရောဂျက်တစ်ခုဖြစ်လာတာပါ။ Disney+ Marvelဇာတ်လမ်းတွဲအများစုဟာ 12+ အဆင့်သာ သတ်မှတ်ခံရတာဖြစ်ပြီး ယခု Secret Invasion နဲ့ Moon Knight ကတော့ ရှားပါးစွာနဲ့ 16+ သတ်မှတ်ခံရတာဖြစ်ပါတယ်။ 12+ နဲ့ 16+ ကွာခြားချက်ကတော့ 16+ ဟာ 12+ ထက် ပိုပြီး သွေးထွက်သံယိုများသလို ဇာတ်လမ်းလည်းပိုမိုလေးနက်တာပါ။

◼ Secret Invasion မှာ Samuel L. Jackson, Ben Mendelsohn, Martin Freeman, Cobie Smulders တို့အပြင် Emilia Clarke (Game of Thrones), Kingsley Ben-Adir (Peaky Blinders), Killian Scott (Love/Hate), Carmen Ejogo (True Detective), Christopher McDonald (Ballers), Thomas Bezucha (The Family Stone, Let Him Go) တို့ပါဝင်ထားကြပါတယ်။

Disney+ Marvel ပရောဂျက်များနှင့်၎င်းတို့၏အဆင့်သတ်မှတ်ချက်များ

- WandaVision: 12+ (Series)
- The Falcon and the Winter Soldier: 12+ (Series)
- Loki: 12+ (Series)
- What If…?: 12+ (Series)
- Hawkeye: 12+ (Series)
- Moon Knight: 16+ (Series)
- Ms. Marvel: 12+ (Series)
- She-Hulk: 12+ (Series)
- Werewolf by Night: 16+ (Televison Film)
- The Guardians of the Galaxy Holiday Special: 12+ (Televison Film)
- Secret Invasion: 16+ (Series)

Ref: The Direct

Sub-Zero ရေးသည်။


Post a Comment

0 Comments