Barbie ရုပ်ရှင်ကို ရိုက်ခွင့်ပြုလိမ့်မယ်လို့ Margot Robbie ထင်မထားခဲ့
ဧပြီ ၁၂၊ ၂၀၂၃။
◼ Warner Bros. ရဲ့ live-action ရုပ်ရှင်ကားသစ်တစ်ခုဖြစ်တဲ့ Barbie ဟာ ၂၀၂၃ ထဲမှာ ပရိသတ်ရှေ့ကိုရောက်လာတော့မှာဖြစ်ပါတယ်။ Barbie ရုပ်ရှင်ကို Little Women ဒါရိုက်တာ Greta Gerwig က ရိုက်ကူးထားတာဖြစ်ပြီး Greta Gerwig နဲ့ Noah Baumbach တို့က ဇာတ်လမ်းရေးသားထားကာ Margot Robbie နဲ့ Ryan Gosling တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
◼ ပြီးခဲ့တဲ့ရက်သတ္တပတ်က Barbie ရုပ်ရှင်ရဲ့ trailer နှစ်ခုနဲ့ ဇာတ်ကောင်မိတ်ဆက်ပိုစတာများထွက်ရှိလာပြီးတဲ့နောက်မှာ Barbie ဟာ ပရိသတ်တွေရဲ့အာရုံစိုက်မှုကိုပိုမိုရရှိလာကြောင်းတွေ့ခဲ့ရပါတယ်။
◼ Barbie ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းနဲ့ပတ်သက်ပြီး Ryan Gosling က သူဖတ်ခဲ့ဖူးသမျှဇာတ်ညွှန်းတွေထဲမှာအကောင်းဆုံးဇာတ်ညွှန်းဖြစ်တယ် လို့ The Tonight Show Starring Jimmy Fallon အစီအစဥ်မှာ မှတ်ချက်ပြုသွားခဲ့ပါတယ်။
◼ Margot Robbie ကတော့ Barbie ဇာတ်ညွှန်းကိုစတင်ဖတ်ခါစမှာ Warner Bros. က Barbie ကို ရိုက်ခွင့်ပြုလိမ့်မယ်လို့မထင်မိကြောင်း ပြောလာခဲ့ပါတယ်။ ဗြိတိန်ရုပ်ရှင်ထူးချွန်ဆုပေးပွဲ BAFTA ရဲ့ Instagram ကမ်ပိန်းတစ်ခုမှာ Margot Robbie က Barbie နဲ့ ပတ်သက်ပြီး အခုလိုပြောလာပါတယ်။
"Barbie ဇာတ်ညွှန်းကို ပထမဆုံးစဖတ်မိတော့ 'ကောင်းလိုက်တဲ့ဇာတ်ညွှန်းပဲ။ ဒီကားကတော့ထွက်လာမှာမဟုတ်တာရှက်စရာပဲ၊ ဒီဟာကိုရိုက်ခွင့်ပေးမှာမဟုတ်ဘူး' လို့ တွေးမိတာပဲ။ ဒါပေမယ့် ရိုက်ခွင့်ရလာခဲ့ပါတယ်။"
◼ Barbie ရုပ်ရှင်မှာ အဆိုတော် Dua Lipa လဲ ပါဝင်ထားသလို Peacemaker သရုပ်ဆောင် John Cena, Shang-Chi သရုပ်ဆောင် Simu Liu နဲ့ Margot Robbie နဲ့ ရုပ်ဆင်တယ်လို့တင်စားခံရတဲ့ Sex Education သရုပ်ဆောင် Emma Mackey နဲ့ America Ferrera, Kate McKinnon, Ariana Greenblatt, Alexandra Shipp, Kingsley Ben-Adir, Issa Rae, Michael Cera, Rhea Perlman, Will Ferrell, Ncuti Gatwa, Emerald Fennell, Hari Nef, Sharon Rooney, Scott Evans, Ana Cruz Kayne, Connor Swindells, Ritu Arya နဲ့ Jamie Demetriou တို့လည်း ပါဝင်ထားပါသေးတယ်။
◼ Barbie ရုပ်ရှင်ကို ဇူလိုင် ၂၁၊ ၂၀၂၃ မှာ Oppenheimer နဲ့ အပြိုင် ရုံတင်သွားမှာပါ။
Ref: ComicBook
McGarrett ရေးသည်။
0 Comments