HBO Max ကို Max အဖြစ် နာမည်ပြောင်းလဲသွားမယ်
ဧပြီ ၁၂၊ ၂၀၂၃။
◼ Warner Bros. Discovery လက်အောက်ခံ streaming platform တစ်ခုဖြစ်တဲ့ HBO Max ဟာ နောက်ထပ် streaming platform တစ်ခုဖြစ်တဲ့ Discovery+ က အကြောင်းအရာတင်ဆက်မှုတွေကို ထပ်မံထည့်သွင်းပူးပေါင်းပြီး HBO Max ကနေ Max အဖြစ် နာမည်ပြောင်းလဲသွားတော့မှာဖြစ်ပါတယ်။
◼ HBO Max ဟာ DC နဲ့ ပတ်သက်တဲ့အကြောင်းအရာအကုန်လုံးကိုပြသပေးနေတဲ့ OTT platform တစ်ခုဖြစ်သလို နာမည်ကျော် WarnerBros. နဲ့ Legendary ရုပ်ရှင်တွေကိုလည်း HBO Max မှာ အများဆုံးပြသပေးနေတာဖြစ်ပါတယ်။
◼ HBO Max ကနေ Max အဖြစ် ပြောင်းလဲပြသမှုဟာ လာမယ့် ၂၀၂၃ မေလ သို့မဟုတ် ဇွန်လမှာ စတင်အကျုံးဝင်မှာဖြစ်ပြီး Discovery+ က တင်ဆက်မှုတွေကို Max မှာ ပြသမှာဖြစ်ပါတယ်။ နာမည်ပြောင်းလဲသွားပေမယ့်လည်း လစဥ်ကြေးကတော့ HBO Max စျေးနှုန်းလိုပဲ တစ်လကို ကန်ဒေါ်လာ ၁၆ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲသွားပေမယ့်လည်း Discovery+ ကတော့ သီးခြားတည်ရှိနေမှာပါ။
◼ Warner Bros. Discovery ဟာ HBO Max ကို Max အဖြစ် ပြောင်းလဲဖို့အတွက် ၂၀၂၂ ဒီဇင်ဘာလကတည်းကပြင်ဆင်ရည်ရွယ်ထားတာဖြစ်ပါတယ်။
◼ ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီလမှာလည်း Warner Bros. Discovery ဟာ Amazon Prime Video နဲ့ ပူးပေါင်းပြီး Amazon Prime Video မှာ Warner Pass ဆိုတဲ့ ခေါင်းစဥ်တစ်ခုကိုဖြည့်သွင်းပြီး အာရှနဲ့ဥရောပစျေးကွက်ကိုချဲ့ခဲ့ပါတယ်။
◼ မြန်မာနိုင်ငံမှာတော့ Max ကို တရားဝင်ကြည့်ရှုနိုင်မှာမဟုတ်တဲ့အတွက် ကြည့်ရှုမယ်ဆိုရင်တော့ Virtal Private Network (VPN) ကို အသုံးပြုပြီးမှသာ ကြည့်ရှုနိုင်မှာပါ။
Ref: CBR
Sub-Zero ရေးသည်။
0 Comments