MCU မှာ ပါဝင်ဖို့အစီအစဥ်မရှိတဲ့ Better Call Saul သရုပ်ဆောင် Bob Odenkirk
(ပုံတွင် Bob Odenkirk ဟု ပြင်ဆင်ဖတ်ရှုပေးပါရန်)
ဧပြီ ၁၁၊ ၂၀၂၃။
◼ Disney လက်အောက်ခံ Marvel Studios ရဲ့ Marvel Cinematic Universe (MCU) မှာ ဟောလိဝုဒ်ရဲ့နာမည်ကျော်သရုပ်ဆောင်အများအပြားပါဝင်သရုပ်ဆောင်လျက်ရှိသလို နောက်ထပ်သရုပ်ဆောင်တွေလည်း ထပ်မံဝင်ရောက်လာဦးမှာဖြစ်ပါတယ်။
◼ ဒါပေမယ့် ဟောလိဝုဒ်ရဲ့နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Bob Odenkirk ကတော့ MCU မှာ ပါဝင်လာဖို့အစီအစဥ်မရှိသေးပါဘူး။
◼ MCU Disney+ ဇာတ်လမ်းတွဲသစ်တစ်ခုဖြစ်တဲ့ Wonder Man မှာ Bob Odenkirk က Yahya Abdul-Mateen II နဲ့ West World သရုပ်ဆောင် Ed Harris တို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ်ဆိုပြီး လူမှုကွန်ယက်မှာ ကောလာဟလတွေထွက်လာနေတဲ့အပေါ်မှာ Bob Odenkirk က ငြင်းခဲ့တာဖြစ်ပါတယ်။
◼ Wonder Man series ဟာ Stan Lee, Jack Kirby, နဲ့ Don Heck တို့ ပူးပေါင်းဖန်တီးခဲ့တဲ့ ဗီလိန်ကနေဟီးရိုးဖြစ်လာတဲ့ Marvel ဇာတ်ကောင် Wonder Man ကို အခြေခံဖန်တီးသွားမှာဖြစ်ပြီး The Spectacular Now နဲ့ Shrinking ရဲ့ ဒါရိုက်တာ James Ponsoldt က ရိုက်ကူးပေးသွားမှာဖြစ်ပါတယ်။ Marvel Comic မှာတော့ Wonder Man ကို ၁၉၆၄ ထုတ် Avengers #9 မှာ စတင်မိတ်ဆက်ခဲ့တာပါ။
◼ Wonder Man မှာ Yahya Abdul-Mateen II က Simon Williams / Wonder Man အဖြစ်၊ Demetrius Grosse က Grim Reaper အဖြစ်၊ Ben Kingsley က Trevor Slattery အဖြစ် နဲ့ Lauren Glazier က အမည်မသိရသေးတဲ့ဇာတ်ကောင်နေရာ ကနေ ပါဝင်သွားမှာပါ။
◼ MCU မှာ ပါဝင်လာဖို့အစီအစဥ်မရှိသေးကြောင်းကို Bob Odenkirk က The Independent သတင်းစာနဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုပြောပြလာပါတယ်။
"ကျွန်တော်က ခိုင်မာတဲ့၊ ဆက်စပ်မှုရှိတဲ့၊ ပိုပြီးသေးငယ်တဲ့ဇာတ်ကောင်တွေကိုသရုပ်ဆောင်ရတာကြိုက်ပါတယ်။ အဲဒီလောကအတွက် ကျွန်တော့်ကိုတည်ဆောက်ထားတယ်လို့တော့မထင်ဘူး။ ခင်ဗျားတို့နဲ့ဘေးကပ်လျက်မှာနေလို့ရတယ်လို့ ခံစားရတဲ့ဇာတ်ကောင်တွေအတွက် ကျွန်တော့်ကိုတည်ဆောက်ထားတာပါ။"
◼ Bob Odenkirk ကို AMC ရဲ့ Breaking Bad spin-off series Better Call Saul မှာ ပိုမိုလူသိများသလို Nobody ရုပ်ရှင်ဟာလည်း ပရိသတ်တွေရဲ့သဘောကျမှုကိုရခဲ့ပါတယ်။ Nobody ဟာ နောက်ထပ် sequel ဖြစ်တဲ့ Nobody 2 ဆက်လက်ထွက်ရှိဦးမှာပါ။
Ref: THR
Sub-Zero ရေးသည်။
0 Comments