ရုံဝင်ငွေမှာ အရမ်းအောင်မြင်နေတဲ့ Evil Dead Rise က ဘယ်လိုဇာတ်လမ်းမျိုးလဲ
ဧပြီ ၂၆၊ ၂၀၂၃။
◼ ဒီရုပ်ရှင်ကို ရုံမှာကြည့်ဖူးတဲ့သူ တော်တော်များများက ကြောက်စရာကောင်းတယ်လို့ မှတ်ချက်တွေ ပေးသလို ကြည့်နေရင်း Jump Scare တွေကြောင့် အော်မိတဲ့အထိဖြစ်တယ်လို့ ဆိုပါတယ်။
◼ Evil Dead ရုပ်ရှင် Franchise မှာ Evil Dead Rise က လေးကားမြောက်ရုပ်ရှင်ဖြစ်ပြီး ဘတ်ဂျက်နိမ့်ရုပ်ရှင်ဖြစ်ပေမယ့်လည်း အမြတ်ငွေ များများရထားတဲ့ ဇာတ်ကားဖြစ်သလို ယခင် Evil Dead တွေထက်လည်း ပိုပြီး ထူးခြားလို့နေပါတယ်။
◼ ဒီရုပ်ရှင်ရဲ့ဇာတ်လမ်းကတော့ Evil Dead ရဲ့ Iconic ဖြစ်လှတဲ့ “Book of the Dead” နဲ့ပဲ စထားတာပါ။
◼ လူအရေပြားနဲ့ ချုပ်ထားတဲ့ Book of the Dead ကိုတော့ ၁၉၂၃ ခုနှစ်မှာ ခရစ်ယာန် ဓမ္မဆရာတစ်ဦးက ချိတ်ပိတ်ပြီး သိမ်းထားခဲ့ပါတယ်။ ဒီစာအုပ်ဟာ ကမ္ဘာတစ်ဖက်နဲ့ တစ်ဖက်ကို ကူးပြောင်းနိုင်စွမ်းရှိသလို မကောင်းဆိုးဝါး အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့အတွက် ချိတ်ပိတ်ခံခဲ့ရတာဖြစ်ပါတယ်။
◼ ဒါပေမယ့် စာအုပ်ကို ချိတ်ပိတ်ထားတဲ့ အဆောက်အဦးက နှစ်ပေါင်းများစွာကြာလာချိန်မှာတော့ ပျက်စီးသွားပြီး ဒီနေရာမှာ တခြား အဆောက်အဦးတွေ အစားထိုးဝင်ရောက်လာပါတယ်။ အဲဒီနောက်မှာတော့ အဆောက်အဦပျက်တစ်လုံးအနေနဲ့သာ ကျန်နေခဲ့ပြီး ငွေကြေးမတတ်နိုင်တဲ့သူတစ်ချို့သာ လာရောက် ငှားရမ်း နေထိုင်ကြတဲ့ နေရာတစ်ခုအဖြစ်ကျန်ခဲ့ပါတယ်။
◼ ဒါပေမယ့် တစ်ရက်တော့ Ellie တို့ သားအမိတွေ ဒီ အဆောက်အဦးမှာ လာရောက်ပြောင်းနေပြီး အစပိုင်းတော့ အဆင်ပြေပြေဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် အဆောက်အဦရဲ့ စွန့်ပစ် ပစ္စည်းတွေထဲကမှ ထူးထူးခြားခြား စာအုပ်တစ်အုပ်ကို တစ်ယောက်ယောက်က လက်ဆော့ပြီး ဖွင့်လိုက်ရာကနေ ဇာတ်လမ်းစပါတော့တယ်။
◼ Evil Dead Rise အပေါ် ရုပ်ရှင်ဝေဖန်ရေးသမားတွေကတော့ သွေးသံတရဲရဲနဲ့ကြောက်စရာကောင်းတယ်၊ ဖျော်ဖြေရေးသဘာဝရှိတယ်၊ အကြောင်းအရာဆက်စပ်မှုမရှိပေမယ့်လည်း အဆင်ပြေတယ် စသဖြင့် ပြောဆိုထားသလို တစ်ဖက်မှာလည်း မူရင်း Evil Dead တွေကို စော်ကားရာကျတယ်၊ သာမန် horror ကားတစ်ကားသာသာပဲရှိတယ်၊ အပေါစားဆန်တယ် စသဖြင့်လည်း ဝေဖန်ထားပါသေးတယ်။
◼ နိုင်ငံတကာပရိသတ်တွေကတော့ Evil Dead Rise ဟာ တော်တော်သွေးပျက်ဖွယ်ကောင်းတယ်၊ အသွင်ပြောင်းမှုတွေဟာလန့်စရာကောင်းတယ် စသဖြင့် ပြောထားကြပါတယ်။
◼ ဒါရိုက်တာ Lee Cronin ရဲ့ အင်တာဗျူးအရ Evil Dead Rise မှာ သွေးအတုပေါင်း ဂါလံ ၁၇၀၀ ကျော် အသုံးပြုထားကြောင်းသိရပါတယ်။
◼ Evil Dead Rise ကို မူလက HBO Max မှာ OTT စနစ်နဲ့ ပြသဖို့ရည်ရွယ်ထားပေမယ့်လည်း ရုံတင်စနစ်နဲ့ပြသခွင့်ရခဲ့ပါတယ်။ မြန်မာပရိသတ်တွေကတော့ မေ ၉၊ ၂၀၂၃ မှာ Evil Dead Rise ကို အကြည်ဗားရှင်းနဲ့ကြည့်ရှုနိုင်မှာပါ။
◼ Evil Dead Rise ဟာ ဘတ်ဂျက်ငွေ ကန်ဒေါ်လာ ၁၉ သန်းသာ အသုံးပြုခဲ့ပေမယ့်လည်း ယခုအခါမှာတော့ ရုံတင်ငွေ ကန်ဒေါ်လာ ၄၄.၄ သန်းကျော် ရရှိထားပါတယ်။
John Snow ရေးသည်။
0 Comments