Porpular

6/recent/ticker-posts

Indiana Jones နဲ့ လုံးဝကိစ္စပြီးပြီဖြစ်ကြောင်း Harrison Ford ထပ်မံပြောလာ

Indiana Jones နဲ့ လုံးဝကိစ္စပြီးပြီဖြစ်ကြောင်း Harrison Ford ထပ်မံပြောလာ


ဧပြီ ၂၆၊ ၂၀၂၃။

◼ ဒါရိုက်တာ James Mangold ရိုက်ကူးထားတဲ့ သရုပ်ဆောင် Harrison Ford ရဲ့ နောက်ဆုံး Indiana Jones ရုပ်ရှင် Indiana Jones and the Dial of Destiny ဟာ လာမယ့် ဇွန် ၃၀၊ ၂၀၂၃ မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

◼ Harrison Ford အတွက် Indiana Jones ရုပ်ရှင် Indiana Jones and the Dial of Destiny ဟာ Indiana Jones အဖြစ် နောက်ဆုံးပါဝင်ထားတဲ့ရုပ်ရှင်ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာကတည်းက ပြောခဲ့ပြီးပြီဖြစ်ပါတယ်။ ဒါပေမယ့် Disney+ ဟာ Indiana Jones ကို ဇာတ်လမ်းတွဲတစ်ခုအဖြစ်ထုတ်လုပ်ရန် ပြင်ဆင်နေကြောင်းသတင်းထွက်လာပြီးတဲ့နောက်မှာ Harrison Ford ဟာ နောက်ထပ် Indiana Jones အဖြစ် သရုပ်ဆောင်ဖွယ်ရှိကြောင်း သတင်းထပ်မံထွက်လာပါတယ်။

◼ Harrison Ford ဟာ Indiana Jones ဇာတ်ကောင်နဲ့ လုံးဝကိစ္စပြတ်ပြီဖြစ်ကြောင်းနဲ့ ဇာတ်လမ်းတွဲထွက်ခဲ့ပါကလည်း ပါဝင်သွားမှာမဟုတ်ကြောင်း Total Film မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ထပ်မံအတည်ပြုလာခဲ့ပါတယ်။ အဲဒီအင်တာဗျူးမှာ Indiana Jones and the Dial of Destiny ဟာ သူ့အတွက် နောက်ဆုံး Indiana Jones ရုပ်ရှင်ဖြစ်ကြောင်း အခုလိုပြောပြလာပါတယ်။ 

"ဒီဟာက (Indiana Jones and the Dial of Destiny) ဒီရုပ်ရှင်အတွဲလိုက်အတွက် နောက်ဆုံးရုပ်ရှင်ဖြစ်သလို ဒီဇာတ်ကောင်ကိုလည်း နောက်ဆုံးအနေနဲ့ပဲ ကျွန်တော်သရုပ်ဆောင်ခဲ့တာပါ။ ဒီကားမှာ သူ့ကိုနောက်ဆုံးတွေ့ရတာလို့ပဲကျွန်တော်ယူဆထားတယ်။"

◼ Indiana Jones ကို Series အဖြစ် ဖန်တီးခဲ့မယ်ဆိုရင်လည်း ၎င်းအနေနဲ့ပါဝင်သွားဖို့အစီအစဥ်မရှိကြောင်း Harrison Ford က ထပ်မံပြောပြလာပါသေးတယ်။

◼ Indiana Jones and the Dial of Destiny ဟာ ဘတ်ဂျက်ငွေ ကန်ဒေါ်လာ ၂၉၄.၇ သန်းအထိ အသုံးပြုထားကြောင်းသိရှိရပါတယ်။ ဒါ့အပြင် ရုပ်ရှင်ရဲ့ ပထမ ၂၅ မိနစ်အတွင်းမှာ de-aging (မျက်နှာအသွင်အပြင်အား ငယ်ရွယ်သောရုပ်ရည်အသွင်အဖြစ်ပြောင်းလဲသောနည်းပညာ) နည်းပညာအသုံးပြုထားတဲ့ Harrison Ford ကို တွေ့ရမှာပါ။

◼ Indiana Jones and the Dial of Destiny ကို Logan နဲ့ Ford v Ferrari ဒါရိုက်တာ James Mangold က ရိုက်ကူးထားတာဖြစ်ပြီး မူရင်းသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ John Rhys-Davies လည်း ပြန်လည်ပါဝင်လာသလို နောက်ထပ်သရုပ်ဆောင်တွေဖြစ်တဲ့ Phoebe Waller-Bridge, Mads Mikkelsen, Thomas Kretschmann, Toby Jones, နဲ့ Antonio Banderas တို့လည်း ပါဝင်လာပြီး Mads Mikkelsen ကိုတော့ နာဇီပညာရှင်အနေနဲ့တွေ့ရမှာပါ။

◼ Indiana Jones and the Dial of Destiny ဟာ George Lucas ဇာတ်လမ်းမရေးထားတဲ့ Indiana Jones ရုပ်ရှင်ဖြစ်သလို ၂၀၁၂ မှာ Lucasfilm ကို Disney ​က ဝယ်ယူပြီးနောက်ပိုင်းမှာ ထွက်ရှိလာတဲ့ Indiana Jones ရုပ်ရှင်လည်းဖြစ်ပါတယ်။

Ref: Deadline 

McGarrett ရေးသည်။


Post a Comment

0 Comments