မင်းသား Robert Pattinson ကို Mickey 17 မှာ မတူညီတဲ့ ပုံစံတွေနဲ့ တွေ့ရမယ်
ဧပြီ ၂၆၊ ၂၀၂၃။
◼ Warner Bros. ရဲ့ ရုပ်ရှင်သစ်တစ်ကားဖြစ်တဲ့ Mickey 17 ဟာ အနာဂတ်ကို အခြေခံထားတဲ့ Dystopian society ရုပ်ရှင်တစ်ကားဖြစ်တဲ့အပြင် စမ်းသပ်မှုတွေ အမျိုးမျိုးလုပ်ပြီး Mission တွေ လုပ်ရမယ့် ဇာတ်လမ်းမျိူးဖြစ်ပါတယ်။
◼ Mickey 17 ကို Parasite, Okja, Snowpiercer စတဲ့ ဇာတ်လမ်းတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော်ကိုရီးယားဒါရိုက်တာ Bong Joon-ho က တာဝန်ယူရိုက်ကူးနေတာဖြစ်ပြီး Andy Weir ရဲ့ Dark Matter Novel အတိုင်း ဇာတ်လမ်းကို ခပ်မြန်မြန်သွားထားပါတယ်။
◼ Mickey 17 ဟာ စာရေးဆရာ Edward Ashton ရဲ့ Mickey 7 ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး Robert Pattinson နဲ့ အတူ MCU Hulk သရုပ်ဆောင် Mark Ruffalo, Nope သရုပ်ဆောင် Steven Yuen, Hereditary သရုပ်ဆောင် Toni Collette နဲ့ Star Wars: The Rise of Skywalker သရုပ်ဆောင် Naomi Ackie တို့ ပါဝင်ထားကြပါတယ်။
◼ Mikey 17 ရဲ့ ထူးခြားချက်ကတော့ Mickey 7 ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Semi- Dystopian ကော်ပိုရေးရှင်းရဲ့ အကျဥ်းသားဖြစ်တဲ့ Robert Pattinson ကို ပုံစံမျိုးစုံနဲ့ စမ်းသပ်ပြီး Mickey 1 မှ စလို့ စမ်းသပ်ရင်း သေဆုံးသွားတဲ့ သူတွေရဲ့ စိတ်ခံစားချက် အဖုံဖုံကို Robert Pattinsons က ပုံဖော်ပြသွားမှာဖြစ်ပါတယ်။
◼ Mickey 17 ကို မတ် ၂၉၊ ၂၀၂၄ မှာ ရုံတင် ပြသသွားမှာပဲ ဖြစ်ပါတယ်။
Ref: Twitter
John Snow ရေးသည်။
0 Comments