Bob Dylan အတ္ထုပ္ပတ္တိရုပ်ရှင်မှာ ကိုယ်တိုင်သီချင်းဆိုမယ့် Timothée Chalamet
ဧပြီ ၉၊ ၂၀၂၃။
◼ အမေရိကန်နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Bob Dylan ရဲ့ အတ္ထုပ္ပတ္တိကို ဒါရိုက်တာ James Mangold က ရုပ်ရှင်အဖြစ်ဖန်တီးသွားမှာဖြစ်ပြီး အမျိုးသမီးတွေရဲ့အသည်းစွဲမင်းသားတစ်ယောက်ဖြစ်တဲ့ Timothée Chalamet က Bob Dylan အဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
◼ ၁၉၆၀ ကာလတွေမှာထင်ရှားခဲ့တဲ့ အဆိုတော် Bob Dylan ဟာ Blowin' in the Wind နဲ့ The Times They Are a-Changin' တို့ကို ရေးဆိုဖန်တီးခဲ့တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး အော်စကာ ၁ ဆု၊ ဂရမ်မီ ၁၀ ဆု နဲ့ ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ၁ ဆု တို့ကို ရရှိခဲ့တဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။
◼ Bob Dylan ရုပ်ရှင်ဟာ ၁၉ နှစ်သား Bob Dylan တစ်ယောက် အိတ်ထဲမှာဒေါ်လာနှစ်ဒေါ်လာသာပါဝင်ပြီး နယူးယောက်ခ်မြို့ကိုထွက်လာရာကနေ သုံးနှစ်အတွင်း ဘာတွေဖြတ်သန်းခဲ့ရလဲဆိုတာကို ရိုက်ကူးပြသမှာဖြစ်ပါတယ်။
◼ Timothée Chalamet ဟာ Bob Dylan ရုပ်ရှင်မှာ ၎င်းကိုယ်တိုင်သီချင်းဆိုပြီးသရုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒါရိုက်တာ James Mangold ရဲ့ အတည်ပြုချက်အရသိရပါတယ်။
◼ ဒါရိုက်တာ James Mangold ဟာ Star War Celebration Europe 2023 ကို တက်ရောက်လာရင်းနဲ့ Collider နဲ့ အင်တာဗျူးကနေတစ်ဆင့် အတည်ပြုပေးလိုက်တာပါ။
◼ Bob Dylan ရုပ်ရှင်ရိုက်ကူးဖို့အတွက် ၂၀၂၀ ဇန်နဝါရီလမှာကတည်းက Searchlight Pictures ဘက်ကနေ အတည်ပြုပေးခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၃ သြဂုတ်လထဲမှာ ရိုက်ကူးရေးစတင်ဖွယ်ရှိပါတယ်။ Timothée Chalamet ဟာ Bob Dylan ရုပ်ရှင်အတွက် လက်ရှိမှာ ဂစ်တာလေ့ကျင့်ခန်းတွေလေ့ကျင့်နေကြောင်းသိရပါတယ်။ ပြသရက်ကိုတော့ မသိရသေးပါဘူး။
Ref: Deadline
McGarrett ရေးသည်။
0 Comments