Porpular

6/recent/ticker-posts

Formula One ပြိုင်ပွဲ ကို အခြေခံပြီး ရုပ်ရှင်တစ်ကားထုတ်လုပ်သွားမယ်

Formula One ပြိုင်ပွဲ ကို အခြေခံပြီး ရုပ်ရှင်တစ်ကားထုတ်လုပ်သွားမယ်


ဧပြီ ၉၊ ၂၀၂၃။

◼ Apple TV+ နဲ့ Apple Studios ဟာ အရည်အသွေးမြင့်ရုပ်ရှင်ကားတွေကို ထုတ်လုပ်လျက်ရှိပြီး ရုပ်ရှင်လောကမှာ ပိုမိုနယ်ပယ်ချဲ့ထွင်လာလျက်ရှိနေပါတယ်။

◼ ယခုအခါမှာတော့ နိုင်ငံတကာ ကားပြိုင်ပွဲတစ်ခုဖြစ်တဲ့ Formula One အကြောင်းကို Apple Studios က ရုပ်ရှင်တစ်ကားအဖြစ် ဖန်တီးထုတ်လုပ်သွားမှာဖြစ်ပြီး ဟောလိဝုဒ်ရဲ့ နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Brad Pitt က အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Brad Pitt နဲ့ အတူ ဗြိတိန်သရုပ်ဆောင် Dasmond Idris လည်း အတူတူပါဝင်သရုပ်ဆောင်သွားမှာဖြစ်ကြောင်း Deadline သတင်းအရ သိရပါတယ်။ Brad Pitt ဟာ အနားယူသွားရာကနေ ပြိုင်ကွင်းထဲကို ပြန်လည်ခြေချလာတဲ့ အားကစားသမားအဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပြီး Dasmond Idris ကတော့ Brad Pitt ရဲ့ အသင်းဖော်အဖြစ် ပါဝင်လာမှာပါ။

◼ Formula One ရုပ်ရှင်ကို Top Gun: Maverick ဒါရိုက်တာ Joseph Kosinski ကနေ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်ညွှန်းကိုလည်း Top Gun: Maverick ရဲ့ ဇာတ်ညွှန်းဆရာတစ်ယောက်ဖြစ်တဲ့ Ehren Kruger က ရေးသားပေးသွားမှာပါ။

◼ Formula One ရုပ်ရှင်ကို ဟောလိဝုဒ်က နာမည်ကျော်ထုတ်လုပ်သူ Jerry Bruckheimer နဲ့ Formula One ခုနစ်ထပ်ကွမ်းချန်ပီယံ Lewis Hamilton တို့က ပူးတွဲထုတ်လုပ်သွားမှာဖြစ်သလို Bratt Pitt ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ Plan B Entertainment ဟာလည်း ထုတ်လုပ်ရေးတစ်စိတ်တစ်ပိုင်းကိုတာဝန်ယူထားပါသေးတယ်။

◼ ထုတ်လုပ်ရေးအပိုင်းနဲ့ ကျန်တဲ့ သရုပ်ဆောင်ရွေးချယ်မှုအပိုင်းတွေကို လာမယ့်နိုဝင်ဘာလထဲမှာ စတင်နိုင်ဖွယ်ရှိနေပြီး အသေးစိတ်ကိုတော့မသိရသေးပါဘူး။

◼ Formula One ပြိုင်ပွဲဟာ ၁၉၅၀ ကနေ ဒီကနေ့အထိ ကျင်းပနေလျက်ရှိပါတယ်။

Ref: Deadline

McGarrett ရေးသည်။




Post a Comment

0 Comments