Kraven the Hunter ရဲ့ ဇာတ်လမ်းက ပိုပြီး dark မယ် လို့ Russell Crowe ပြောလာ
Marvel | ဧပြီ ၉၊ ၂၀၂၃။
◼ Disney လက်အောက်ခံ Marvel Studios ဟာ ၎င်းတို့ပိုင် Marvel ဇာတ်ကောင်တွေနဲ့ MCU ကို ပိုမိုကျယ်ပြန့်စွာတည်ဆောက်နေသလို Sony ဟာလည်း ၎င်းတို့ပိုင် Marvel Spider-Man နဲ့ ဆက်စပ်ဇာတ်ကောင်တွေကိုအသုံးပြုပြီး Universe တစ်ခု တည်ဆောက်နေပါတယ်။
◼ Morbius အပြီးမှာ ထွက်ရှိလာမယ့် Sony Spider-Verse ရုပ်ရှင် Kraven The Hunter မှာ Kick-Ass နဲ့ Bullet Train သရုပ်ဆောင် Aaron Taylor-Johnson က Sergei Kravenoff ခေါ် Kraven the Hunter အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဝါရင့်သရုပ်ဆောင် Russell Crowe လည်း ပါဝင်ထားပါတယ်။
◼ Kraven the Hunter ဟာ Marvel Comic ထဲမှာ Spider-Man ရဲ့ ရန်သူဇာတ်ကောင်ဖြစ်တဲ့ Kraven the Hunter ကို ပွဲထုတ်ထားတာဖြစ်ပြီး ဇာတ်လမ်းဟာ Tom Hardy ရဲ့ Venom ရုပ်ရှင်တွေနဲ့ Jared Leto ရဲ့ Morbius တို့ထက် ပိုပြီး dark မယ် လို့ Russell Crowe က CBR ဝက်ဘ်ဆိုက်နဲ့အင်တာဗျူးတစ်ခုမှာ အတည်ပြုလာခဲ့ပါတယ်။
◼ Kraven the Hunter ရဲ့ ဒါရိုက်တာ J. C. Chandor က Kraven the Hunter ရဲ့ ဇာတ်လမ်းနဲ့ပတ်သက်ပြီး ဇာတ်လမ်းဟာ ထင်မှတ်မထားအောင် dark မယ် လို့ Russell Crowe ကို ပြောခဲ့တဲ့အကြောင်း အဆိုပါအင်တာဗျူးအရ သိရပါတယ်။ Russell Crowe ဟာ Kraven the Hunter အတွက် လာမယ့်ရက်သတ္တပတ်ထဲမှာ ရိုက်ကူးရေးလုပ်ပေးဖို့ရှိပါသေးတယ်။
◼ Russell Crowe ရဲ့ horror ရုပ်ရှင်သစ် The Pope's Exorcist ဟာ လက်ရှိမှာ ရုံတင်ပြသနေလျက်ရှိပါတယ်။
◼ Kraven the Hunter ရဲ့ ဇာတ်ညွှန်းကို Iron Man, Punisher: War Zone, Men in Black: International နဲ့ Uncharted တို့ရဲ့ ဇာတ်ညွှန်းဆရာတွေဖြစ်တဲ့ Art Marcum နဲ့ Matt Holloway နဲ့ The Equalizer ဇာတ်ညွှန်းဆရာ Richard Wenk တို့က ပူးတွဲရေးသားထားပြီး Triple Frontier ဒါရိုက်တာ J. C. Chandor က ရိုက်ကူးပေးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးပေမယ့် Kraven the Hunter ကို သဘာဝကိုစောင့်ရှောက်သူနဲ့ ရှေးရိုးစွဲဆန်သူအဖြစ် တွေ့ရမှာပါ။
◼ Aaron Taylor-Johnson နဲ့ Russell Crowe တို့နဲ့အတူ Ariana DeBose က Kraven ရဲ့ ချစ်သူ Calypso အဖြစ်၊ Fred Hechinger က Kraven the Hunter ရဲ့ ညီ Dmitri Smerdyakov အဖြစ် နဲ့ Christopher Abbott, Alessandro Nivola နဲ့ Levi Miller တို့လည်း ပါဝင်ထားပါတယ်။ Russell Crowe ဟာ ဘယ်ဇာတ်ကောင်နေရာကနေပါဝင်ထားလဲဆိုတာကတော့ မသိရသေးပါဘူး။
◼ Kraven the Hunter ကို လာမယ့် အောက်တိုဘာ ၆ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ ယခင် Spider-Verse ရုပ်ရှင်တွေဖြစ်တဲ့ Venom: Let There Be Carnage နဲ့ Morbius တို့ ဝေဖန်ခံရပြီးတဲ့နောက်မှာ ပရိသတ်တွေက Kraven the Hunter ကို သတိထားစောင့်ကြည့်နေကြပါတယ်။
◼ Sony ရဲ့ Spider-Verse မှာ Kraven the Hunter အပြင် အဆိုတော် Bad Bunny ရဲ့ El Muerto (ပြသရက် ဇန်နဝါရီ ၁၂၊ ၂၀၂၃)၊ Dakota Johnson နဲ့ Sidney Sweeny တို့ရဲ့ Madame Web (ပြသရက် ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃) နဲ့ Tom Hardy ရဲ့ Venom 3 (ပြသရက်မသိရသေး) တို့လည်း ထွက်ဖို့ကျန်ပါသေးတယ်။
Ref: CBR
Sub-Zero ရေးသည်။
0 Comments