Squid Game သရုပ်ဆောင် Jung Hoyeon နဲ့ Cate Blanchett တို့ရဲ့ Apple TV+ ဇာတ်လမ်းတွဲသစ်
ဧပြီ ၈၊ ၂၀၂၃။
◼ စာရေးဆရာမ Renee Knight ရေးသားခဲ့တဲ့ ၂၀၁၅ ထုတ် Disclaimer ဝတ္ထုကို Apple TV+ က အပိုင်းနည်းတဲ့ဇာတ်လမ်းတွဲတစ်ခုအဖြစ်ဖန်တီးထုတ်လုပ်ပြသဖို့ ပြင်ဆင်နေပါတယ်။
◼ Disclaimer ဝတ္ထုဟာ fiction ဝတ္ထုဖြစ်ပြီး Catherine Ravenscroft ဆိုတဲ့ TV နဲ့ documentary ဂျာနယ်လစ်ဇာတ်ကောင်တစ်ယောက်အကြောင်းနဲ့ ဂျာနယ်လစ်ဘဝရဲ့အခက်အခဲတွေ၊ အဖြစ်အပျက်တွေကိုရေးသားထားတာဖြစ်ပါတယ်။
◼ Disclaimer ဇာတ်လမ်းတွဲကို ဒါရိုက်တာ Alfonso Cuarón က ရိုက်ကူးပေးမှာဖြစ်ပြီး Tár သရုပ်ဆောင် Cate Blanchett က အဓိကဇာတ်ကောင် Catherine Ravenscroft အဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Squid Game သရုပ်ဆောင် Jung Hoyeon လည်း ဒီ series မှာ Kim ဆိုတဲ့ဇာတ်ပို့နေရာကနေ ပါဝင်သွားမှာဖြစ်ပါတယ်။
◼ Squid Game ဇာတ်လမ်းတွဲအောင်မြင်သွားပြီးတဲ့နောက်မှာ Squid Game သရုပ်ဆောင် Lee Jung-jae နဲ့ Jung Hoyeon တို့ဟာ အနောက်တိုင်းရုပ်ရှင်လောကမှာနာမည်အသီးသီးရရှိလာပြီး Disclaimer ဟာ Jung Hoyeon ရဲ့ ပထမဆုံးအင်္ဂလိပ်စကားပြောဇာတ်လမ်းတွဲဖြစ်ပါတယ်။
◼ လက်ရှိမှာ Jung Hoyeon ဟာ အင်္ဂလိပ်စာလေ့ကျင့်ခန်းတွေကို သီးသန့်သင်ယူလျက်ရှိပါတယ်။
◼ Disclaimer ဟာ post-production အဆင့်မှာရှိနေပြီး အပိုင်းအရေအတွက်နဲ့ ပြသရက်ကိုတော့မသိရသေးပါဘူး။
Ref: The Independent
McGarrett ရေးသည်။
0 Comments