Porpular

6/recent/ticker-posts

Peacemaker Season 2 ဘယ်တော့လာမှာလဲ

Peacemaker Season 2 ဘယ်တော့လာမှာလဲ


DC | ဧပြီ ၈၊ ၂၀၂၃။

◼ DC Studios မဖြစ်ပေါ်လာခင်ကတည်းက ပြသခဲ့တဲ့ James Gunn ရဲ့ The Suicide Squad spin-off ဇာတ်လမ်းတွဲ Peacemaker ဟာ DC ပရိသတ်တွေရဲ့အားပေးမှုကို တခဲနက်ရရှိခဲ့သလို နောက်ထပ် Season 2 ထပ်မံထွက်ရှိလာဦးမှာဖြစ်ပါတယ်။

◼ DC Studios ဖြစ်ပေါ်လာပြီး James Gunn နဲ့ Peter Safren တို့ နှစ်ယောက် ပူးတွဲ CEO တွေ ဖြစ်လာချိန်မှာတော့ ပရိသတ်တွေဟာ DC Universe အသစ်အပါအဝင် Peacemaker Season 2 အပေါ်ကိုပါ ပိုမိုစိတ်ဝင်စားလာလျက်ရှိပါတယ်။ James Gunn ဟာ လက်ရှိမှာ DC Universe သစ်ရဲ့ Superman ရုပ်ရှင်သစ် Superman: Legacy အတွက် ဇာတ်လမ်းရေးသားရေးသားနေလျက်ရှိပါတယ်။

◼ DC ပရိသတ်တစ်ယောက်က Peacemaker Season 2 နဲ့ ပတ်သက်ပြီး Twitter ကနေတစ်ဆင့် မေးလာတဲ့အခါမှာ James Gunn က Peacemaker Season 2 ကို Superman: Legacy ရဲ့ နောက်မှာမှ ပြင်ဆင်သွားမှာဖြစ်တယ်လို့ ပြန်လည်ဖြေဆိုလာပါတယ်။

◼ Peacemaker Season 1 ဟာ ယခင် DCEU နဲ့ အဆက်အစပ်များစွာပါဝင်ခဲ့တဲ့အတွက် Season 2 ဟာ DC Universe သစ်မှာ ဖြစ်တည်သွားမယ်လို့ ယူဆနိုင်ပါတယ်။ အဲဒါကြောင့် Peacemaker Season 2 ဟာ DCU အသစ်ရဲ့ ပရောဂျက်တစ်ခုအဖြစ် ရှိလာနိုင်ပါတယ်။

Ref: James Gunn Twitter 

Sub-Zero ရေးသည်။



Post a Comment

0 Comments