ရုံတင်ရက်ရှေ့တိုးသွားတဲ့ Universal ရဲ့ horror ရုပ်ရှင်သစ် Night Swim
ဇန်နဝါရီ ၁၂၊ ၂၀၂၂။
◼ Marvel ရဲ့ The Falcon and the Winter Soldier ဇာတ်လမ်းတွဲမှာ US Agent အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Wyatt Russell နဲ့ Marvel ရုပ်ရှင်တွေမှာ Iron Man ရဲ့ AI Friday အဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ Kerry Condon တို့ဟာ Universal ကနေ ဖြန့်ချိပြသမယ့် horror ရုပ်ရှင်သစ် Night Swim မှာ အဓိကဇာတ်ကောင်များနေရာကနေ ပါဝင်သွားကြမှာဖြစ်ပါတယ်။
◼ Night Swim ကို ယခုနာမည်ကြီးနေတဲ့ M3GAN ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Atomic Monster နဲ့ Blumhouse Production တို့က ပူးတွဲထုတ်လုပ်ကာ ဇာတ်လမ်းနဲ့ဒါရိုက်တာနေရာကိုတော့ Bryce McGuire က တာဝန်ယူထားပါတယ်။
◼ မူလက Night Swim ကို ဇန်နဝါရီ ၁၉၊ ၂၀၂၄ မှာ ပြသဖို့ ရည်ရွယ်ထားပေမယ့် ယခုအခါမှာတော့ ရုံတင်ရက်ကိုရှေ့တိုးလိုက်ခဲ့ပြီဖြစ်တဲ့အတွက် ဇန်နဝါရီ ၅၊ ၂၀၂၄ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ ၂၀၂၄ ဇန်နဝါရီလထဲမှာ Night Swim အပြင် Sony Marvel ရုပ်ရှင်တစ်ကားဖြစ်တဲ့ အဆိုတော် Bad Bunny ပါဝင်ထားတဲ့ El Muerto အပြင် Paramount ရဲ့ animated ရုပ်ရှင်တစ်ကားဖြစ်တဲ့ The Tigger’s Apprentice ကိုလည်း ကြည့်ရှုရဦးမှာဖြစ်ပါတယ်။
◼ Night Swim ဟာ ရေကူးကန်တစ်ခုမှာ ကြောက်လန့်စရာအဖြစ်အပျက်တွေဖြစ်ပေါ်လာပုံကိုအဓိကဇာတ်အိမ်တည်ထားတာဖြစ်ပြီး ကျန်ရှိနေတဲ့အသေးစိတ်ကိုတော့မသိရသေးပါဘူး။
◼ Kerry Condon ဟာ AMC ရဲ့ နာမည်ကျော်ဇာတ်လမ်းတွဲ Better Call Saul မှာ ၁၈ ပိုင်းပါဝင်သရုပ်ဆောင်ခဲ့သလို Wyatt Russell ဟာလည်း Apple TV+ ရဲ့ Godzilla ဇာတ်လမ်းတွဲမှာ ပါဝင်သွားဦးမှာဖြစ်ပါတယ်။
ပုံစာ - Wyatt Russell (ဝဲဘက်)၊ Kerry Condon (ယာဘက်)
Ref: THR
McGarrett ရေးသည်။
0 Comments