အဆိုးရလဒ်တွေထွက်ပေါ်နေတဲ့ Chris Evans နဲ့ Ana De Armas ရဲ့ Ghosted ရုပ်ရှင်
ဧပြီ ၂၂၊ ၂၀၂၃။
◼ ယမန်နေ့ ဧပြီ ၂၁ ရက်နေ့ကစတင်ပြီး Apple TV မှာ ပြသနေတဲ့ Chris Evans နဲ့ Ana De Armas တို့ရဲ့ "Ghosted" ရုပ်ရှင်ဟာ ဝေဖန်ရေးသမားတွေရဲ့ မကောင်းမြင် ဝေဖန်မှုကို အလူးအလဲ ခံနေရပါတယ်။
◼ Apple Studios နဲ့ Skydance က ပူးတွဲထုတ်လုပ်ထားတဲ့ Ghosted ကို Bohemian Rhaposdy ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Dexter Fletcher က ရိုက်ကူးပေးထားတာဖြစ်ပြီး ဇာတ်လမ်းကိုတော့ Deadpool ဇာတ်လမ်းဆရာတွေဖြစ်တဲ့ Rhett Reese နဲ့ Paul Wernick တို့က ရေးသားပေးထားတာပါ။
◼ Ghosted ရုပ်ရှင်က Rotten Tomatoes မှာ Reviews 61 ခုနဲ့ Tomatometer 31% ထိ ရနေတာဖြစ်ပြီး Audience Score 65% ရနေတာပဲ ဖြစ်ပါတယ်။
◼ ရုပ်ရှင်ပရိသတ်တွေအတွက် action, romance, adventure အမျိုးအစားဖြစ်တဲ့ Ghosted ရုပ်ရှင်အပေါ် ဝေဖန်ရေးသမားတွေရဲ့ အမြင် အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
- အချိတ်အဆက်မမိတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ။
-ဒါက အတော့်ကို ဆိုးဆိုးဝါးဝါးနဲ့ ရေးသားထားတာဖြစ်ပြီး လုံးဝ ချိတ်ဆက်မှု ကင်းမဲ့နေတယ်။
- Action ခန်းတွေက များပြားတယ်၊ ဒါပေမယ့် သေချာ ထူးထူးခြားခြား စီမံထားတာလည်းမဟုတ်ဘူး။ ပြီးတော့ Evans နဲ့ Armas တို့က ဟာသ သရုပ်ဆောင်တွေ မဟုတ်ဘူးလေ။
- ဗီလိန်ကောင်းတွေနဲ့ action ကောင်းကောင်းလေးတွေ၊ ပြီးတော့ classic cameos တွေပါဝင်တဲ့ Ghosted ရုပ်ရှင်က အထိုက်အလျောက် လက်ခံနိုင်တဲ့ စုံတွဲတော့ဖြစ်သွားပါတယ်။
- ခြုံပြီးပြောရရင် ပျော်စရာကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ရယ်စရာတွေနဲ့ action တွေက အနည်းဆုံး တစ်ကြိမ်လောက်တော့ ကြည့်ရတာ တန်ပါတယ်လေ။
◼ Ghosted နဲ့ ပတ်သက်ပြီး MVE ရဲ့ အထင်အမြင်ကိုတော့ မကြာခင်မှာဖော်ပြပေးသွားပါမယ်။
Loki ရေးသည်။
0 Comments