Season 1 အပြီးမှာ ဖျက်သိမ်းခံလိုက်ရတဲ့ National Treasure: Edge of History
ဧပြီ ၂၂၊ ၂၀၂၃။
◼ Nicolas Cage ရဲ့ National Treasure ရုပ်ရှင်တွေကို ဇာတ်လမ်းအသစ်နဲ့ ဇာတ်လမ်းတွဲအဖြစ်ပြန်လည်ထုတ်လုပ်ထားတဲ့ Disney+ ဇာတ်လမ်းတွဲ National Treasure: Edge of History ဟာ Season 1 အပြီးမှာတင် ဖျက်သိမ်းခံလိုက်ရပြီဖြစ်ပါတယ်။
◼ National Treasure: Edge of History ဟာ ရတနာသိုက်မုဆိုး Jess Venezuela ဟာ ဖခင်ဖြစ်သူရဲ့အကြောင်းနဲ့စွန့်စားခန်းတစ်ခုထွက်ရတဲ့အကြောင်းကိုပြသထားတာဖြစ်ပြီး Lisette Olivera, Catherine Zeta-Jones, Zuri Reed, Antonio Cipriano, Jordan Rodrigues, Jake Austin Walker နဲ့ Lyndon Smith တို့ ပါဝင်ထားပါတယ်။ National Treasure: Edge of History ဟာ အပိုင်းဆယ်ပိုင်းပါဝင်ထားပြီး ကြည့်ရှုသူပမာဏနည်းပါးသလို ရလဒ်လဲဆိုးခဲ့ပါတယ်။
◼ ဒီလိုဖျက်သိမ်းရတဲ့အကြောင်းအရင်းကိုတော့မသိရပေမယ့် နောက်ထပ် Disney+ ဇာတ်လမ်းတွဲနှစ်ခုဖြစ်တဲ့ Big Shot နဲ့ Mighty Ducks: Game Changers တို့ဟာလည်း National Treasure: Edge of History နဲ့ အတူ ဖျက်သိမ်းခံခဲ့ရပါတယ်။
◼ National Treasure: Edge of History ကို မူရင်း National Treasure ရဲ့ ထုတ်လုပ်သူ Jerry Bruckheimer ကလည်း ထုတ်လုပ်သူအဖြစ်တာဝန်ယူခဲ့ပါသေးတယ်။
◼ Nicolas Cage ရဲ့ National Treasure 3 ထပ်မံထုတ်လုပ်မယ်လို့သတင်းထွက်ထားပေမယ့်လည်း ယနေ့အထိ တစ်စုံတစ်ရာထူးခြားခြင်းမရှိသေးပါဘူး။
Ref: Variety
McGarrett ရေးသည်။
0 Comments