ရုံတင်ရက်ရွှေ့ဆိုင်းမှာမဟုတ်တဲ့ Christopher Nolan ရဲ့ Oppenheimer ရုပ်ရှင်
ဧပြီ ၁၅၊ ၂၀၂၃။
◼ ဒါရိုက်တာ Christopher Nolan ရဲ့ သမိုင်းနောက်ခံရုပ်ရှင် Oppenheimer ဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
◼ Oppenheimer ကို ဇူလိုင် ၂၁၊ ၂၀၂၃ မှာ ပြသဖို့အတွက် တရားဝင်ကြေညာထားပြီးဖြစ်ပေမယ့်လည်း Variety သတင်းဌာနနဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်ဥက္ကဌ Thierry Fremaux တို့ရဲ့ သီးသန့်အင်တာဗျူးတစ်ခု ထွက်ပေါ်လာတဲ့နောက်မှာ Oppenheimer ကို ရုံတင်ရက်ရွှေ့ဆိုင်းသွားနိုင်တယ် ဆိုပြီး ထင်မြင်ယူဆချက်တွေ ဂယက်ထလာပါတယ်။
◼ အဲဒီဂယက်တွေဟာ အမှန်အကန်မဟုတ်ပဲ Oppenheimer ကို မူလရုံတင်ရက်အတိုင်းရုံတင်ပြသမှာဖြစ်ကြောင်း AP သတင်းဌာနရဲ့ရုပ်ရှင်သတင်းထောက် Lindsey Bahr က ၎င်းရဲ့ Twitter ကနေတစ်ဆင့် အတည်ပြုပေးလာပါတယ်။
◼ အဲဒါကြောင့် ယခင်အစီအစဥ်အတိုင်း လာမယ့် ဇူလိုင် ၂၁ မှာ Oppenheimer ရုပ်ရှင်နဲ့အတူ Warner Bros. ရဲ့ Barbie ရုပ်ရှင်ကို တစ်ပြိုင်နက်ရုံတင်ပြသမှာဖြစ်ပါတယ်။
◼ ပြသချိန် သုံးနာရီနီးပါးကြာမြင့်မယ့် Oppenheimer ဟာ အနုမြူဗုံးတီထွင်သူ J. Robert Oppenheimer ရဲ့ အတ္ထုပ္ပတ္တိတစ်စိတ်တစ်ဒေသနဲ့ အနုမြူဗုံးဖန်တီးမှု အခြေခံရိုက်ကူးထားတာဖြစ်ပြီး J. Robert Oppenheimer အဖြစ် Cillian Murphy က ပါဝင်သရုပ်ဆောင်ထားပါတယ်။
◼ Oppenheimer ရုပ်ရှင်မှာ Cillian Murphy နဲ့ အတူ Emily Blunt, Florence Pugh, Robert Downey Jr., Jack Quaid, Rami Malek, Emma Dumount နဲ့ Matt Damon တို့ ပါဝင်ထားပြီး
Ref: ComicBook
McGarrett ရေးသည်။
0 Comments