Constantine sequel ရုပ်ရှင် အကြောင်း Rachel Weisz ကို ဘာမှအသိပေးတာမျိုးမရှိ
DC | ဧပြီ ၁၁၊ ၂၀၂၃။
◼ DC ရဲ့ နာမည်ကျော်ဇာတ်ကောင် John Constantine ကို ပွဲထုတ်ပြသထားတဲ့ ဒါရိုက်တာ Francis Laurence နဲ့ သရုပ်ဆောင် Keanu Reeves တို့ရဲ့ ၂၀၀၅ ရုပ်ရှင် Constantine ဟာ DC ပရိသတ်တွေသာမက အခြားပရိသတ်တွေကြားမှာပါ နာမည်ကြီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ မှာလည်း ဒါရိုက်တာ Francis Laurence ဟာ Constantine ကို နောက်ထပ် sequel ထုတ်လုပ်ဖို့ပါ တရားဝင်အတည်ပြုထားပြီးဖြစ်ပါတယ်။
◼ သို့ပေမယ့် Constantine ပထမရုပ်ရှင်မှာပါဝင်ခဲ့တဲ့ Rachel Weisz ဟာတော့ Constantine sequel နဲ့ ပတ်သက်ပြီး ဘာမှသိထားတာမျိုးမရှိသေးသလို သူ့ဆီကိုလည်း ဘာမှကမ်းလှမ်းအသိပေးတာမျိုးလည်းမရှိဘူးလို့ ပြောလာပါတယ်။
◼ Rachel Weisz ရဲ့ Amazon Prime Video ဇာတ်လမ်းတွဲသစ် Dead Ringer အတွက် ComicBook ဝက်ဘ်ဆိုက်ရဲ့ ပရိုမိုးရှင်းအင်တာဗျူးတစ်ခုမှာ Constantine sequel နဲ့ ပတ်သက်ပြီး Rachel Weisz ဘက်က အခုလိုမှတ်ချက်ပြုထားပါတယ်။
"ဟင့်အင်း၊ ကျွန်မကိုဘယ်သူမှဘာမှမပြောထားဘူး။ Constantine ထဲက အဲဒီအမြွှာတွေက တစ်ချိန်တည်းမှာတစ်ပြိုင်နက်ပေါ်လာတာမရှိဘူး။ တစ်ယောက်က ဇာတ်လမ်းမစခင်ကတည်းက ကိုယ့်ကိုယ်ကိုသတ်သေသွားတာ။ အဲတော့ သူ့အစ်မကိုပဲ ရှင်တို့တွေ့ရတာလေ။ သေသွားတဲ့သူ့ညီမအကြောင်း အိပ်မက်တွေမက်တာမျိုးပေါ့။ အဲဒီ (Constantine sequel) ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မဘာမှမသိထားပါဘူး။"
◼ Rachel Weisz ဟာ Constantine မှာ Angela နဲ့ Isabel ဆိုတဲ့ အမြွှာနှစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။
◼ Keanu Reeves နဲ့ Francis Laurence တို့ရဲ့ Constantine sequel ရုပ်ရှင်ဟာ ဖျက်သိမ်းခံရခြင်းလုံးဝမရှိပဲ သေချာပေါက်ထုတ်လုပ်မှာဖြစ်ကြောင်းကို ၂၀၂၃ ဖေဖော်ဝါရီလထဲမှာ Warner Bros. ရဲ့ တာဝန်ရှိသူတစ်ဦးက Entertainment Weekly မဂ္ဂဇင်းကနေတစ်ဆင့်အတည်ပြုထားခဲ့ပါသေးတယ်။
◼ Constantine sequel ဟာ DC Studios ရဲ့ DC Universe သစ်နဲ့ ချိတ်ဆက်မှုရှိမလား၊ သီးခြား DC ရုပ်ရှင်အနေနဲ့ပဲရှိနေမလားဆိုတာကိုတော့အတည်ပြုခြင်းမရှိခဲ့ပါဘူး။
◼ John Constantine live-action နဲ့ ပတ်သက်ပြီး Keanu Reeves ရဲ့ Constantine ရုပ်ရှင်အပြင် NBC ရုပ်သံလိုင်းကနေပြသခဲ့တဲ့ သရုပ်ဆောင် Matt Ryan ရဲ့ Constantine ဇာတ်လမ်းတွဲလည်းရှိထားသလို နှစ်ခုစလုံးဟာ Hellblazer comic ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။
◼ Rachel Weisz ရဲ့ Dead Ringer Series ကို လာမယ့် ဧပြီ ၂၁ မှာ Amazon Prime Video မှာ ပြသမှာပါ။
Ref: ComicBook
McGarrett ရေးသည်။
0 Comments