DC ကနေ Zack Snyder နှုတ်ထွက်မှုကြောင့် The Flash မှာ မပါဝင်ဖို့ Michael Shannon ကြံစည်ခဲ့
DC | ဧပြီ ၂၇၊ ၂၀၂၃။
◼ DCEU ရုပ်ရှင်တစ်ကားဖြစ်တဲ့ The Flash ဟာ လာမယ့် ဇွန် ၁၆၊ ၂၀၂၃ မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
◼ DCEU ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ Zack Snyder တစ်ယောက် DC နဲ့ Warner Bros. ကို ကျောခိုင်းနှုတ်ထွက်ခဲ့ရချိန်မှာ Michael Shannon ဟာ The Flash ရုပ်ရှင်မှာ General Zod အဖြစ် ပြန်လည်ပါဝင်ဖို့အတွက် တုံ့ဆိုင်းလက်နှေးနေခဲ့ပါတယ်။ Zack Snyder ရဲ့ ပထမဆုံး DCEU ရုပ်ရှင် Man of Steel မှာ Michael Shannon က General Zod အဖြစ် စတင်ပါဝင်ခဲ့တာပါ။
◼ Zack Snyder နှုတ်ထွက်မှုကြောင့် The Flash မှာ ပါဝင်ဖို့လက်နှေးခဲ့ကြောင်းကို Looper ဝက်ဘ်ဆိုက်နဲ့အင်တာဗျူးတစ်ခုမှာ Michael Shannon က အခုလိုပြောလာပါတယ်။
"Zack Snyder ကိစ္စ ဖြစ်သွားတဲ့နောက်မှာ ကျွန်တော်ပြန်လာပြီးသရုပ်ဆောင်ပေးဖို့ လက်နှေးနေခဲ့တယ်။ ကျွန်တော် Zack ကို တကယ်သဘောကျတယ်။ ကျွန်တော့်ကို Zack က အဲဒီနေရာအတွက်သရုပ်ဆောင်ပေးဖို့ပြောလာတုန်းက ကျွန်တော့်အလုပ်အကိုင်အတွက် အကြီးဆုံးအံ့သြစရာကြီးဖြစ်ခဲ့တာပါ။ 'မင်းတို့ငါ့ကိုနောက်နေတာမလား' လို့တောင်ဖြစ်သွားသေးတယ်။ ဒီအကြောင်းကို ကျွန်တော် Andy Muschietti (The Flash ဒါရိုက်တာ) ကို ပြောပြတယ်။ ကျွန်တော် Andy ကို သဘောကျပါတယ် ပြီးတော့ သူ့ကိုပြောတယ် 'Andy ရေ၊ ကျွန်တော်ပြောမယ်၊ ကျွန်တော် Zack ရဲ့ အားပေးတာလေးတော့နားထောင်ရမှဖြစ်မယ်၊ ဘာလို့ဆို ဒီကိစ္စကြီးတစ်ခုလုံးက မဟုတ်သလိုမျိုးခံစားရတယ်။' ပြီးကျ Zack က အရမ်းနားလည်ပေးတယ်။ ကျွန်တော့်ကိုသူအားပေးတယ် ပြီးတော့ ကျွန်တော်လုပ်လိုက်တယ်။ Andy ကိုလဲ သဘောကျပါတယ်၊ သူနဲ့အလုပ်လုပ်ရတာသဘောကျတယ်။ သူတို့နှစ်ယောက်စလုံးကဖန်တီးနိုင်စွမ်းရှိတဲ့လူတွေ။ Andy ကလဲ အရမ်းတော်တဲ့အနုပညာရှင်တစ်ယောက်။ ကျွန်တော်သူနဲ့စကားပြောနေတဲ့အချိန်တုန်းက သူပုံတွေဆွဲနေတာတွေ့တယ်၊ အဲမှာ သူ့ကိုကျွန်တော် 'Andy, ငါ့ကိုအဲဒါလေးတွေပေးပါလား' ဆိုပြီးတောင်းတယ်၊ Andy ကလည်း 'ယူလေ' ဆိုပြီး လက်မှတ်ထိုးပြီးပေးလိုက်တာပဲ။"
◼ Zack Snyder ဟာ Man of Steel နဲ့ Batman vs Superman: Dawn of Justice ကို ရိုက်ကူးပေးခဲ့ပြီး Justice League ရဲ့ post-production အဆင့်မှာ သမီးဖြစ်သူသေကြောင်းကြံစည်မှုကြောင့် နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။
◼ The Flash က General Zod နဲ့ Man of Steel က General Zod တူညီမှုမရှိကြောင်း၊ Man of Steel က General Zod ဟာ ဇာတ်လမ်းတစ်ခုလုံးစာဖြစ်ပြီး The Flash က General Zod ကတော့ ကျော်ဖြတ်ရမယ့်အခက်အခဲတစ်ခုသာဖြစ်ကြောင်း Michael Shannon က Bingeworthy Podcast အစီအစဥ်မှာပြောခဲ့ပါသေးတယ်။
◼ The Flash မှာ Michael Shannon အပြင် Supergirl နဲ့ Batman နှစ်ယောက်ကိုပါတွေ့ရမှာဖြစ်ပြီး Ezra Miller က The Flash ခေါ် Barry Alllen အဖြစ်၊ Sasha Calle က Supergirl အဖြစ်၊ Batman အဖြစ် Michael Keaton နဲ့ Batman တို့က ပါဝင်ထားပြီး General Zod အဖြစ် Michael Shanno က ပြန်လည်သရုပ်ဆောင်ခဲ့ပါတယ်။
Ref: Variety
Sub-Zero ရေးသည်။
0 Comments