၂၀၂၅ မှာ ပြသမယ့် Fast & Furious 11 ဟာ Fast saga ရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်လာမယ်
ဧပြီ ၂၇၊ ၂၀၂၃။
◼ နာမည်ကျော်ကားအက်ရှင် franchise တစ်ခုဖြစ်တဲ့ Fast and Furious ရဲ့ ဆယ်ကားမြောက်ဖြစ်တဲ့ Fast X ဟာ လာမယ့် မေ ၁၉၊ ၂၀၂၃ မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ Fast X ကို မူလက ဒါရိုက်တာ Justin Lin က ရိုက်ကူးပေးမှာဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာ ဒါရိုက်တာ Louis Leterrier ကပဲ တာဝန်ယူရိုက်ကူးခဲ့ရပါတယ်။
◼ Fast X ရုပ်ရှင်အပြီးမှာတော့ နောက်ထပ် Fast and Furious 11 ထွက်ရှိလာဦးမှာဖြစ်ပြီး Fast and Furious 11 ကိုဒါရိုက်တာ Louis Leterrier ကပဲ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာနေရာတွေကနေ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်သတ္တပတ်က သိရှိခဲ့ရပါတယ်။
◼ ဒီကနေ့ကျင်းပခဲ့တဲ့ CinemaCon 2023 မှာတော့ Universal Studios ဘက်က Fast & Furious 11 ဟာ Fast Saga ရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်ပြီး လာမယ့် ၂၀၂၅ မှာ ရုံတင်ပြသမှာဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် Fast & Furious 11 ရဲ့ ဇာတ်ညွှန်းကို Mortal Kombat ဇာတ်ညွှန်းဆရာ Oren Uziel က ဒါရိုက်တာ Louis Leterrier နဲ့ အတူ ပူးတွဲရေးသားသွားမှာပါ။
◼ Fast and Furious ရုပ်ရှင်တွေဟာ ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၆ ဘီလျံအထိ ဝင်ငွေရခဲ့ပါတယ်။
◼ ပြင်သစ်ဒါရိုက်တာ Louis Leterrier ဟာ Transporter 2, Clash of the Titans, The Incredible Hulk, Now You See Me အပြင် Lupin နဲ့ The Dark Crystal: Age of Resistance ဇာတ်လမ်းတွဲတွေကိုလည်းရိုက်ကူးပေးခဲ့ပါသေးတယ်။
◼ Fast X မှာ မူရင်းသရုပ်ဆောင်တွေအပြင် Aquaman သရုပ်ဆောင် Jason Momoa ကိုလည်း Dante ဆိုတဲ့ ဗီလိန်နေရာကနေ တွေ့ရမှာပါ။
Ref: ComicBook
McGarrett ရေးသည်။
0 Comments