Don't Look Up ဒါရိုက်တာရဲ့ ရုပ်ရှင်ကားသစ်မှာ သရုပ်ဆောင် Robert Pattinson ပါဝင်လာ
မေ ၁၊ ၂၀၂၃။
◼ ၂၀၂၁ က ထွက်ခဲ့တဲ့ Netflix ရုပ်ရှင် Don't Look Up ရဲ့ ဒါရိုက်တာ Adam McKay ဟာ Average High, Average Building ဆိုတဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားကို ရိုက်ကူးဖို့ပြင်ဆင်နေပါတယ်။
◼ Average High, Average Building ဟာ thriller, dark political comedy ပုံစံ ရုပ်ရှင်အမျိုးအစားဖြစ်ပြီး Adam McKay ကိုယ်တိုင် ဇာတ်လမ်းရေးသားသွားမှာပါ။ ဇာတ်လမ်းသဘောကတော့ ကွင်းဆက်လူသတ်သမားတစ်ယောက်ဟာ ၎င်းအတွက်လူသတ်ရလွယ်ကူစေဖို့ နိုင်ငံရေးလော်ဘီတစ်ယောက်ကိုငှားရမ်းပြီး ဥပဒေတွေကိုပြင်ဆင်ဖို့ကြိုးစားတဲ့အကြောင်းဖြစ်တယ်လို့ သိရပါတယ်။
◼ Average High, Average Building မှာ သရုပ်ဆောင် Robert Pattinson က ကွင်းဆက်လူသတ်သမားအဖြစ်ပါဝင်သွားမှာဖြစ်ပြီး Man of Steel မင်းသမီး Amy Adams က နိုင်ငံရေးလော်ဘီနေရာကနေသရုပ်ဆောင်သွားမှာပါ။ ဒါ့အပြင် Iron Man သရုပ်ဆောင် Robert Downey Jr. ကိုလည်း ဒီရုပ်ရှင်မှာ အငြိမ်းစားယူသွားတဲ့ရဲအရာရှိတစ်ယောက်အနေနဲ့ တွေ့ရဦးမှာဖြစ်ပြီး Forest Whitaker နဲ့ Danielle Deadwyler တို့လည်း ပါဝင်သွားမှာဖြစ်ပါတယ်။
◼ Adam McKay ရဲ့ Don't Look Up ဟာ ၂၀၂၁ မှာ ရေပန်းစားခဲ့တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
◼ Average High, Average Building ကို Netflix မှာ ပြသမှာဖြစ်ပြီး ပြသရက်နဲ့ကျန်အသေးစိတ်ကိုတော့မသိရသေးပါဘူး။
Ref: THR
McGarrett ရေးသည်။
0 Comments