Dune: Part II က sequel မဟုတ်ဘူး လို့ ဒါရိုက်တာ Denis Villeneuve ပြောလာ
ဧပြီ ၂၉၊ ၂၀၂၃။
◼ ရုပ်ရှင်လောကရဲ့အသက်တစ်ခုလို့တင်စားနေကြတဲ့ ဒါရိုက်တာ Denis Villeneuve ရဲ့ Dune ရုပ်ရှင်သစ် Dune: Part II ဟာ နိုဝင်ဘာ ၃၊ ၂၀၂၃ မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
◼ ဒါရိုက်တာ Denis Vileneuve ကတော့ Dune: Part II ကို sequel အနေနဲ့စောင့်မျှော်ကြမယ့်အစား ဒုတိယပိုင်းရုပ်ရှင်အနေနဲ့စောင့်မျှော်သင့်တယ် လို့ ပရိသတ်တွေကိုတိုက်တွန်းလာပါတယ်။
◼ Dune: Part II ဟာ နောက်ဆက်တွဲ sequel ရုပ်ရှင်မဟုတ်ပဲ ဒုတိယပိုင်းရုပ်ရှင်တစ်ကားသာဖြစ်ကြောင်း ဒါရိုက်တာ Denis Vileneuve က Vanity Fair မဂ္ဂဇင်းနဲ့အင်တာဗျူးတစ်ခုမှာ အခုလိုပြောပြလာပါတယ်။
"ကွဲပြားချက်ရှိပါတယ်။ ဇာတ်ကောင်တွေကို ကျွန်တော်တို့ထားခဲ့တဲ့အတိုင်း ဒီရုပ်ရှင်ကိုပြန်စချင်ခဲ့တယ်။ အချိန်ကွာဟမှုမရှိဘူး။ Part I နဲ့ ဒရာမာကျကျချိတ်ဆက်ခဲ့တယ်။"
◼ Dune နဲ့ Dune: Part II ဟာ နှစ်ကားပေါင်းမှ တစ်ကားတည်းဖြစ်တယ်လို့ ဒါရိုက်တာ Denis Vileneuve က ဆိုလိုချင်တာဖြစ်ပါတယ်။
◼ ပြီးခဲ့တဲ့နှစ်ရက်ကလည်း Dune: Part II နဲ့ ပတ်သက်တဲ့ first look ဓာတ်ပုံတချို့ကိုလည်း Vanity Fair မဂ္ဂဇင်းမှာဖော်ပြခဲ့ပါသေးတယ်။
◼ Dune: Part II မှာ Timothée Chalamet, Rebecca Ferguson, Zendaya, Josh Brolin, Florence Pugh, Christopher Walken, Austin Butler, Javier Bardem, Dave Bautista, Stellan Skarsgård နဲ့ Léa Seydoux တို့ ပါဝင်သရုပ်ဆောင်သွားမှာပါ။
◼ ၂၀၂၁ က ရုံတင်ခဲ့တဲ့ ပထမ Dune ရုပ်ရှင်ဟာ ဘတ်ဂျက်ငွေ ကန်ဒေါ်လာ ၁၆၅ သန်းအသုံးပြုကာ ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ သန်း ၄၀၀ ကျော် ပြန်လည်ရရှိခဲ့သလို အော်စကာဆု၆ဆုကိုလည်းရရှိခဲ့ပါတယ်။
ပုံစာ - Vanity Fair မဂ္ဂဇင်းကနေပြသလာတဲ့ Dune: Part II ရဲ့ First Look ဓာတ်ပုံတစ်ပုံမှ Timothée Chalamet အား တွေ့ရစဥ်
Ref: CBR
Sub-Zero ရေးသည်။
0 Comments