Street Fighter ရုပ်ရှင် ထုတ်လုပ်ရန် Legendary Pictures မှ ပြင်ဆင်နေ
ဧပြီ ၂၉၊ ၂၀၂၃။
◼ Capcom ကုမ္ပဏီရဲ့ နာမည်ကျော်ဗွီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Street Fighter ကို ဟောလိဝုဒ်က ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Legendary Pictures က ရုပ်ရှင်တစ်ကားအဖြစ် ဖန်တီးထုတ်လုပ်ဖို့ပြင်ဆင်နေပါတယ်။
◼ Street Fighter ဟာ ၁၉၈၇ ကတည်းက စတင်ပေါ်ပေါက်လာတဲ့ဂိမ်းတစ်ခုဖြစ်ပြီး ယနေ့အထိဆော့ကစားသူပရိသတ်များစွာရှိနေပါတယ်။
◼ Street Fighter ရုပ်ရှင်ရဲ့ဒါရိုက်တာနေရာအတွက် Legendary ဟာ သြစတေးလျဒါရိုက်တာညီနောင် Danny နဲ့ Michael Philippou တို့နဲ့ ညှိနှိုင်းဆွေးနွေးမှုပြုလုပ်နေပြီဖြစ်ပြီး နောက်ဆုံးအဆင့်ဆွေးနွေးမှုမှာရှိနေကြောင်း The Hollywood Reporter သတင်းအရ သိရပါတယ်။ သို့ပေမယ့် Legendary ဘက်ကတော့ ဒီအကြောင်းအရာအတွက် တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးပါဘူး။
◼ Danny နဲ့ Michael Philippou တို့ဟာ RachaRacha ဆိုတဲ့ slasher video YouTube Channel ရဲ့ ပိုင်ရှင်တွေလဲဖြစ်သလို လာမယ့်ဇူလိုင်လထဲမှာရုံတင်သွားမယ့် A24 ရဲ့ horror ရုပ်ရှင် Talk To Me ရဲ့ ဒါရိုက်တာတွေလည်းဖြစ်ပါတယ်။
◼ Legendary ဟာ Street Fighter ကို live-action ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲများဖန်တီးရန်အတွက် ရိုက်ကူးခွင့်မူပိုင်ခွင့်ကို ယခုလအစောပိုင်းမှာ Capcom ဆီကနေ ရယူထားပြီးဖြစ်ပါတယ်။ Street Fighter ရုပ်ရှင်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့မသိရသေးပါဘူး။
◼ Street Fighter ကို Street Fighter: The Movie (1994) နဲ့ Street Fighter: The Legend of Chun-Li ဆိုပြီး live-action နှစ်ခု ရိုက်ခဲ့ဖူးပါသေးတယ်။
Ref: THR
McGarrett ရေးသည်။
0 Comments