Ridley Scott ရဲ့ Gladiator 2 မှာ သရုပ်ဆောင် Joseph Quinn ပါဝင်လာ
ဧပြီ ၂၉၊ ၂၀၂၃။
◼ ဒါရိုက်တာ Ridley Scott ရဲ့ ၂၀၀၀ ခုနှစ်ထုတ် ရောမခေတ်နောက်ခံရုပ်ရှင် Gladiator ဟာ ရုံတင်ငွေ ကန်ဒေါ်လာ သန်း ၄၆၀ ကျော် ရရှိခဲ့သလို အော်စကာဆုငါးဆုကိုရရှိခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
◼ နှစ်ပေါင်း ၂၂ နှစ် အကြာမှာ Gladiator ရဲ့ နောက်ထပ် sequel တစ်ကားဟာ ပရိသတ်ရှေ့မှောက်ကို ပြန်လာတော့မှာ ဖြစ်ပါတယ်။
◼ Gladiator 2 ကို ပထမ Gladiator ဒါရိုက်တာ Ridely Scott ကပဲ တာဝန်ယူရိုက်ကူးသွားဖြစ်ပြီး Normal People သရုပ်ဆောင် Paul Merscal ဟာ Gladiator 2 မှာ Lucilia ရဲ့ သားဖြစ်သူ Lucian အဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။
◼ Gladiator မှာ Lucilia အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Connie Nielsen ဟာလည်း Gladiator 2 မှာ ပြန်လည်ပါဝင်လာဖို့အတွက် သဘောတူလက်ခံထားပြီးဖြစ်ကြောင်း Deadline သတင်းရဲ့ ဆောင်းပါးတစ်ပုဒ်အရသိရှိရပါတယ်။
◼ အဆိုပါဆောင်းပါးအရ Netflix ရဲ့ Stranger Things ဇာတ်လမ်းတွဲမှာ Eddie Munson အဖြစ် ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Joseph Quinn ဟာလည်း Gladiator 2 မှာ ရောမဧကရာဇ် Caracalla အဖြစ် ပါဝင်ဖို့အတွက် ဆွေးနွေးစကားပြောနေကြောင်းသိရပါတယ်။ Caracalla ဟာ ရောမဧကရာဇ်အဖြစ် ၁၉ နှစ်တိတိ နန်းစံခဲ့တဲ့ ဘုရင်တစ်ပါးဖြစ်ပြီး တူရကီတောင်ပိုင်းကိုခရီးသွားနေစဥ်မှာ လုပ်ကြံခံခဲ့ရပါတယ်။ Joseph Quinn ဟာ Paramount ရဲ့ horror ရုပ်ရှင် A Quiet Place: Day One မှာလည်း ပါဝင်ထားပါသေးတယ်။
◼ ဒါ့အပြင် The Banshee of Inisherin သရုပ်ဆောင် Barry Keoghan ကလည်း Gladiator 2 မှာ ဧကရာဇ် Caracalla ရဲ့ အစ်ကိုဖြစ်သူ ဧကရာဇ် Geta အဖြစ် ပါဝင်သွားမှာပါ။
◼ ဟောလိဝုဒ်က နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Denzel Washington ဟာလည်း Gladiator 2 မှာ ပါဝင်သွားမှာဖြစ်ပြီး ဘယ်ဇာတ်ကောင်နေရာကနေသရုပ်ဆောင်မလဲဆိုတာကိုတော့မသိရသေးပါဘူး။
◼ Gladiator 2 ကို Ridley Scott နဲ့ David Scarpa တို့က ဇာတ်လမ်းရေးသားပေးမှာဖြစ်ပြီး နိုဝင်ဘာ ၂၂၊ ၂၀၂၄ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Ref: Deadline
McGarrett ရေးသည်။
0 Comments