Guardians of the Galaxy Vol.3 ပြီးသွားရင် Guardians တွေကို ထပ်တွေ့ရဖို့အလားအလာမရှိ
ဧပြီ ၂၈၊ ၂၀၂၃။
◼ ဒါရိုက်တာ James Gunn ရဲ့ နောက်ဆုံး MCU Marvel ရုပ်ရှင် Guardians of the Galaxy ဟာ လာမယ့် မေ ၅၊ ၂၀၂၃ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
◼ အနောက်နိုင်ငံမှာတော့ Guardians of the Galaxy Vol. 3 ကို အကြိုပြသမှုတွေပြုလုပ်နေလျက်ရှိပြီး သွားရောက်ကြည့်ရှုကြတဲ့ပရိသတ်တွေကတော့ ဝမ်းနည်းစရာကောင်းတယ်၊ ဇာတ်လမ်းနဲ့ production design တွေ ပြည့်စုံတယ်၊ Marvel ရုပ်ရှင်တွေထဲမှာအကောင်းဆုံးတစ်ကားဖြစ်တယ် စသဖြင့် တုံ့ပြန်ထားကြပါတယ်။
◼ ဆက်လက်သိရှိထားတဲ့အကြောင်းအရာကတော့ Guardians of the Galaxy ဟာ Vol 3 ပြီးတာနဲ့ ဒီ Guardians Team Member တွေကို နောက်ထပ်တွေ့ရနိုင်မှာ မဟုတ်သလို ဒီရုပ်ရှင်ဟာလည်း နောက်ဆုံး Guardians of the Galaxy ရုပ်ရှင်ဖြစ်တယ်လို့ ဒါရိုက်တာ James Gunn ကိုယ်တိုင်ပြောထားကြောင်းသိရပါတယ်။
◼ ဒါ့အပြင် Guardians of the Galaxy တွေမှာ Gamora အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Zoe Saldaña ဟာလည်း Guardians of the Galaxy Vol.3 ဟာ သူ့အတွက် နောက်ဆုံး Guardians of the Galaxy ရုပ်ရှင်ဖြစ်တယ်လို့လည်း မှတ်ချက်ပြုထားပါသေးတယ်။
◼ MCU ရုပ်ရှင်တွေထဲမှာ Guardians of the Galaxy တွေဟာ ပရိသတ်အားပေးမှုကို အခိုင်အမာရထားသလို ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်လမ်းကို James Gunn ကိုယ်တိုင်က ဦးစီးပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
◼ အခုဆို James Gunn တည်ဆောက်ခဲ့တဲ့ Guardians of the Galaxy ဟာ Vol 3 ပြီးရင် ထပ်ထွက်လာဖို့မရှိပဲ ဒီဇာတ်ကောင်တွေကိုနှုတ်ဆက်ရမယ့် အဆုံးသတ် ဇာတ်လမ်းမျိုးသာဖြစ်တဲ့အတွက် တော်တော်လေး emotional ဖြစ်စေမယ့် ဇာတ်ဝင်ခန်းမျိုးတွေပါဝင်လာဦးမှာပါ။ Guardians of the Galaxy Vol.3 ဟာ post-credit scene နှစ်ခုပါဝင်တယ်လို့လည်းသိရပါသေးတယ်။
◼ ရှေ့ နှစ်ကားမှာ ဟာသ ဆန်ဆန် ပေါ့ပေါ့ပါးပါးဖြစ်သလောက် အဆုံးသတ်မှာ ပရိသတ်ကိုဝမ်းနည်းသွားအောင်ပြုလုပ်ထားတဲ့ ဇာတ်လမ်းမျိုးဖြစ်မယ်လို့တော့ ထင်မိပါတယ်။
◼ စာဖတ်သူတို့ရော ဒီဇာတ်ကောင်တွေနဲ့ ရင်းနှီးပြီးမှ ခွဲခွာသွားတယ်လို့ ခံစားရလား။ ကိုယ့်အတွက် ဒီ Hero တွေက ဘာတွေ အမှတ်တရ ကျန်နေခဲ့လည်းဆိုတာကို ပြောပြခဲ့ပါဦးနော်။
Ref: Internet
John Snow ရေးသည်။
0 Comments