Game ဆိုင်နဲ့ ငယ်ဘဝ အမှတ်တရများ
ခံစားမှုရသ | ဧပြီ ၁၅၊ ၂၀၂၃။
အရင်တုန်းက အခုလို Mobile Game တွေ ခေတ်မစားခင် တစ်နိုင်တစ်ပိုင် နဲ့ အိမ်တွင်း Game ဆိုင်လေးတွေက ဘဝအမောဖြေကျတဲ့ လူငယ်တွေရဲ့ နိဗ္ဗာန်ဘုံတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။
အခုလို ခေတ်ကာလတွေ တဖြည်းဖြည်းပြောင်းလဲလာတော့ ဘော်ဒါတွေနဲ့ အရင်လို မစုံဖြစ်ကျသလို Game ဆိုင်တွေဟာလည်း တဖြည်းဖြည်းပျောက်ကွယ်လုနီးပါးဖြစ်လာပါတယ်။ လူငယ်တစ်ချို့ရဲ့ အချိန်တွေဟာလည်း Social Media နဲ့ Mobile Game တွေနဲ့သာ အချိန်ကုန်လာတာ မြင်နေရပါတယ်။
ဒါပေမယ့် ဒီဘက်ခေတ်လူငယ်တွေ မရနိုင်တဲ့ ပျော်ရွှင်စရာအမှတ်တရတွေက Game ဆိုင်မှာ ထိုင်ပြီး အားရ ပါးရ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး Game ဆော့ရတဲ့ အချိန်တွေပါပဲ။
၂ဝ၁ဝ ခုနှစ် နောက်ပိုင်းတွေတုန်းကတော့ Internet Cafe လေးတွေ ခေတ်စားလာတဲ့ အချိန်တွေပေါ့။ အဲ့လို အချိန်တွေတုန်းက 2000 Born နဲ့ 90’s Born တွေတော်တော်များများဟာ Game ဆိုင်တွေကို အိမ်ဦးနဲ့ ကြမ်းပြင်လို သွားလိုက် လာလိုက်နဲ့ အလုပ်ရှုပ်နေကြတဲ့ အချိန်ပါ။
ဘာလို့လည်းဆိုတော့ Gtalk တို့ Yahoo တို့လို Media တွေကလည်း ခေတ်စားလာသလို Facebook အကောင့် ၃၀၀၀ နဲ့ဖွင့်တာတို့ Gmail ဖွင့်တာတို့ဆိုတာလည်း အရမ်း ရေပန်း စားလှတဲ့ အချိန်တွေပါပဲ။
ဒါပေမယ့် တိမ်မြုပ်သွားတာတစ်ခုက Classic ဆန်တဲ့ အိမ်တွင်း Game ဆိုင်လေးတွေပါပဲ။ အရင်တုန်းက စကားနဲ့ပြောရရင် P2 Game ဆိုင်တွေပေါ့။ P2 Game ဆိုင်တွေက အရမ်းလည်း စျေးမကြီးသလို Game ဆိုင်ပိုင်ရှင်နဲ့ နားလည်မှုယူပြီး Story Line Game တွေကို စိတ်ကြိုက် ဆော့ကစားလို့ရနိုင်ပါတယ်။
ကျွန်တော်နဲ့ ကျွန်တော့် ဘော်ဒါတွေကတော့ ကျောင်းပြေးပြီးဖြစ်ဖြစ် နွေရာသီ ကျောင်းပိတ်ရက်တွေဖြစ်ဖြစ် အိမ်အလုပ်တွေ မရှိရင် P2 Game ဆိုင်နဲ့ ဘောလုံးကွင်းတွေမှာသာ အချိန်ကုန်နေတာ များပါတယ်။
တစ်ခါတစ်လေ ဘော်ဒါတွေ မရှိရင် တစ်ယောက်ထဲ God of War တို့ ကားသူခိုးတို့ Resident Evil တို့ စသဖြင့် Story Line Game တွေပဲဆော့ဖြစ်ပေမယ့် ဘော်ဒါတွေစုံလာပြီဆိုရင်တော့ Fifa, တောင်တက် စက်ဘီး, ကားပြိုင်းတာ၊ ရမ်ဘိုဂျပု WWE နဲ့ ပါဝါဘောလုံး တို့လို Game တွေနဲ့ သံခမောက်တို့ မီးလက်ဝါးတို့ Motral Combat တို့လို Game တွေ ဆော့ဖြစ်ကြပါတယ်။
တဖြည်းဖြည်း အတန်းတွေကြီးလာတော့ လက်လှမ်းမှီတဲ့ Internet Game ဆိုင်လေးတွေထဲ ဝင်ပြီး သူများတွေ ဘာတွေဆော့လည်း ဘာတွေ လုပ်ကြလည်းဆိုတာကို လေ့လာပြီး အဲ့ဒီ Internet Cafe တွေထဲ တဖြည်းဖြည်း တိုးဝင်လာပါတော့တယ်။
နောက်တော့ မြင်ပါများလာပြီး Counter Strike တို့လိုနဲ့ FOC တို့လိုမှာ အသားကျလာအောင် ခြေကုန်လက်ပန်းကျတဲ့အထိ ဆော့ကစားဖြစ်လာပါတယ်။ နောက်တော့ Game ဆိုင် အကိုကြီးတွေ မြှောက်ပေးလို့ Dota နဲ့ Warcraft တို့လို နယ်ပယ်ထဲလည်း ခြေလှမ်းစတင်ခဲ့ပြီး ဘော်ဒါတွေနဲ့ ချိန်းဆော့တာမျိုးလုပ်လာပါတယ်။ အမှတ်ရဆုံး ပြောပါဆိုရင် Game ဆိုင်မှာ Game ရှုံးလို့ ထိုင်ထ လုပ်ခံထိတာပါပဲ။
အခုဆို John Snow တို့ နေထိုင်တဲ့ မြို့နယ်လေးမှာ နာရီဝက်၊ တစ်နာရီဖိုး ရှင်းပြီး ဆော့ရတဲ့ Game ဆိုင်လေးတွေ ပြန်ပေါ်လို့လာပါပြီ။
အခုလို ပိတ်ရက်တွေမှာ ဘာအလုပ်မှ မရှိရင်တော့ ရုပ်ရှင်အဟောင်းတွေ ပြန်ကြည့်တာနဲ့ Classic Game တွေ ပြန်ဆော့တာက သင့်အတွက် နားရက်မှာ အချိန်ကုန်လို့ အကောင်းဆုံး အရာတစ်ခုပါ။
John Snow ဆိုလည်း အဖေနဲ့အတူ ညနေ နေဝင်တာကြည့်ရင်း ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောရတာမျိုးနဲ့ အဖေနဲ့ အတူ Game ထိုင်ဆော့ရတာကို သဘောအကျဆုံးပါပဲ။��ဒါကြောင့် အခုလို ပိတ်ရက်လေးမှာ အရင်တုန်းက ဇာတ်ကားတွေ Game တွေနဲ့ အချိန်ကုန်ပါလို့ အကြံပေးရင်း သင်္ကြန် အခါသမယမှာ ပျော်ရွှင်စွာဖြတ်သန်းပါလို့ MVE ဝိုင်းတော်သားများက ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
(ပုံအခက်အခဲကြောင့် Google မှ ပုံအား အသုံးပြုထားပါသည်။ ဤအကြောင်းအရာသည် ခံစားချက်တစ်ခုသာဖြစ်ပါသည်။)
John Snow ရေးသားသည်။
0 Comments