Porpular

6/recent/ticker-posts

Gladiator ကနေ နှုတ်ထွက်ဖို့အထိပါကြံစည်ခဲ့ဖူးတဲ့ Russell Crowe

Gladiator ကနေ နှုတ်ထွက်ဖို့အထိပါကြံစည်ခဲ့ဖူးတဲ့ Russell Crowe

ဧပြီ ၂၅၊ ၂၀၂၃။

◼ ဒါရိုက်တာ Ridley Scott ရဲ့ ၂၀၀၀ ခုနှစ်ထုတ် Gladiator ရုပ်ရှင်ဟာ အော်စကာဆုငါးဆုရခဲ့သလို ၂၀၀၀ ခုနှစ်ရဲ့ ဒုတိယဝင်ငွေအကောင်းဆုံးရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။

◼ Gladiator မှာ အဓိကဇာတ်ကောင် Maximus Decimus Meridius အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Russell Crowe ကတော့ အဲဒီအချိန်တုန်းက Gladiator ရဲ့ ဇာတ်ညွှန်းကို အပေါစားခပ်စုတ်စုတ်ဇာတ်ညွှန်းတစ်ခုလို့မှတ်ယူမိခဲ့ပြီး နှုတ်ထွက်ဖို့အထိပါရည်ရွယ်ခဲ့ဖူးပါတယ်။

◼ Vanity Fair မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ Russell Crowe ဟာ Gladiator နဲ့ ပတ်သက်တဲ့အမှတ်တရတွေကိုပြန်ပြောင်းပြောပြလာရင်း Gladiator ရဲ့ ဇာတ်ညွှန်းကို အပေါစားခပ်စုတ်စုတ်ဇာတ်ညွှန်းတစ်ခုလို့မှတ်ယူမိခဲ့ကြောင်း အခုလိုပြောပြလာပါတယ်။

"Gladiator နဲ့ ပတ်သက်ပြီး ကျွန်တော်ယုံကြည်ချက်မရှိရတာက ကျွန်တော့်ဘေးမှာရှိနေတဲ့ကမ္ဘာကြီးကြောင့်ပါပဲ။ အဲတုန်းက ကျွန်တော်တို့လုပ်ခဲ့ကြတာက concept အကောင်းစားကြီးပါ။ ဒါပေမယ့် ဇာတ်ညွှန်းကတော့ စုတ်ပြတ်သတ်နေတာ အမှိုက်လိုပဲ။ အဲမှာထူးဆန်းတဲ့နောက်ဆက်တွဲဖြစ်ရပ်မျိုးတွေပါတယ်။ တစ်ခုဆိုရင် ရထားလုံးတွေ၊ သံလွင်ဆီနဲ့ ဆက်စပ်ကုန်ပစ္စည်းတွေအတွက် နာမည်ကျော် Gladiator တချို့က သဘောတူစာချုပ်လုပ်ပေးရတာမျိုးတွေပါတယ်။ ဒါပေမယ့် ဒါမျိုးတွေက ခေတ်သစ်ပရိသတ်တွေကြားမှာတီးမိခေါက်မိရှိမှာမဟုတ်ဘူး။ ဘာတွေလဲ လို့တောင် ဖြစ်ကုန်ကြမှာ။"

◼ Gladiator ရဲ့ ဇာတ်ညွှန်းကြောင့် Russell Crowe ဟာ ရိုက်ကွင်းကနေထပြန်ဖို့အထိစိတ်ကူးမိပေမယ့် ဒါရိုက်တာ Ridley Scott ကို ယုံကြည်တဲ့အတွက် ဆက်လက်ရိုက်ကူးခဲ့ကြောင်း အဲဒီအင်တာဗျူးမှာပြောခဲ့ပါသေးတယ်။

◼ Gladiator ရုပ်ရှင်ဟာ နှစ်ပေါင်း ၂၂ နှစ် အကြာမှာ Sequel နဲ့အတူ ပရိသတ်ရှေ့မှောက်ကို ပြန်လာတော့မှာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း Russell Crowe ကတော့ Gladiator 2 မှာ ပါဝင်လာမှာမဟုတ်ပါဘူး။ Gladiator 2 ကို ဒါရိုက်တာ Ridely Scott ကပဲ တာဝန်ယူရိုက်ကူးသွားဖြစ်ပြီး Normal People သရုပ်ဆောင် Paul Merscal ဟာ Gladiator 2 မှာ Lucilia ရဲ့ သားဖြစ်သူ Lucian အဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင် Denzel Washington လည်း Gladiator 2 မှာ ပါဝင်လာဦးမှာပါ။

◼ Gladiator 2 ကို နိုဝင်ဘာ ၂၂၊ ၂၀၂၄ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Ref: Deadline

Sub-Zero ရေးသည်။



Post a Comment

0 Comments