Harry Potter ဇာတ်လမ်းတွဲထုတ်မည်ဟု Warner Bros. Discovery တရားဝင်ကြေညာ
ဧပြီ ၁၃၊ ၂၀၂၃။
◼ Warner Bros. Discovery ဟာ ရုပ်ရှင်အရရော၊ စာပေအရပါအောင်မြင်ခဲ့တဲ့ Harry Potter ကို series တစ်ခုအဖြစ် reboot ချ ထုတ်လုပ်သွားဖို့တရားဝင်အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
◼ ဒီကနေ့ကျင်းပတဲ့ Warner Bros. Discovery ရဲ့ ရင်းနှီးမြှုပ်နှံသူများနဲ့စာနယ်ဇင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ Harry Potter ဇာတ်လမ်းတွဲထွက်ရှိလာမှာဖြစ်ကြောင်း HBO နဲ့ Max ရဲ့ content ဆိုင်ရာ CEO ဖြစ်သူ Casey Bloy က တရားဝင်အတည်ပြုလာခဲ့ပါတာဖြစ်ပါတယ်။ အဆိုပါအတည်ပြုကြေညာချက်အရ Harry Potter ဇာတ်လမ်းတွဲကို Warner Bros. Discovery ရဲ့ streaming platform ဖြစ်တဲ့ Max မှာ ပြသမှာဖြစ်ပြီး ဆယ်စုနှစ်ကြာပြသမယ့်ဇာတ်လမ်းတွဲတစ်ခုအဖြစ် ထုတ်လုပ်ဖို့ရည်ရွယ်ထားကြောင်းသိရပါတယ်။
◼ ဒီအကြောင်းအရာဟာ လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက ပရိသတ်တွေကြားမှာပေါက်ကြားထားပြီးဖြစ်ပေမယ့် ယခုအခါမှာတော့ Warner Bros. Discovery ဘက်က တရားဝင်အတည်ပြုလာခဲ့တာပါ။
◼ Harry Potter ဝတ္ထုတွေရဲ့စာရေးဆရာမ J. K. Rowlings က Harry Potter ဇာတ်လမ်းတွဲရဲ့ အမှုဆောင်ထုတ်လုပ်သူအဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး အသေးစိတ်ကိုတော့မသိရသေးပါဘူး။
◼ Warner Bros. ဟာ Harry Potter series ထုတ်ဖို့အတွက် အစောပိုင်းကတည်းက ဆန္ဒရှိနေတာဖြစ်သလို Warner Bros. နဲ့ Discovery ပူးပေါင်းလိုက်ချိန်မှာတော့ ပိုမိုအကောင်အထည်ဖော်ခွင့်ရရှိလာနေတာပါ။
◼ Harry Potter ရုပ်ရှင်ရှစ်ကားဟာ ဝင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၇.၇ ဘီလျံအထိရရှိခဲ့တဲ့ franchise တစ်ခုဖြစ်ပြီး ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိခဲ့ပါတယ်။
Ref: Variety
McGarrett ရေးသည်။
0 Comments