Porpular

6/recent/ticker-posts

လူငယ် James Bond ဆိုတာမဖြစ်နိုင်ဘူး လို့ James Bond casting director ပြောလာ

လူငယ် James Bond ဆိုတာမဖြစ်နိုင်ဘူး လို့ James Bond casting director ပြောလာ


ဧပြီ ၁၈၊ ၂၀၂၃။

◼ Daniel Craig ရဲ့ James Bond ရုပ်ရှင် No Time To Die အပြီးမှာ James Bond ကို သရုပ်ဆောင်ပြောင်းလဲပြီး reboot ချသွားတော့မှာဖြစ်ပါတယ်။ James Bond အသစ်နဲ့ပတ်သက်ပြီး ထုတ်လုပ်သူတွေဘက်က ဘာမှကြေညာအတည်ပြုထားခြင်းမရှိပေမယ့်လည်း ပရိသတ်တွေဘက်ကတော့ ၎င်းတို့ဘာသာရွေးချယ်ထားပြီး သီအိုရီတွေထုတ်နေကြပါတယ်။ James Bond ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Michael G. Wilson ကတော့ James Bond အသစ်ဟာ အသက်သုံးဆယ်ဝန်းကျင်နဲ့ Casino Royale စတင်ရိုက်ကူးချိန်က Daniel Craig ရဲ့ အသက်အရွယ်အတိုင်း သရုပ်ဆောင်တစ်ယောက်ကိုရှာဖွေသွားမယ်လို့ ပြောခဲ့ဖူးပါသေးတယ်။

◼ လွန်ခဲ့တဲ့ရက်ပိုင်းက James Bond အသစ်ဟာ အသက်ငယ်ရွယ်တဲ့လူငယ်ဖြစ်လာမယ်ဆိုပြီး ကောလာဟလတစ်ခုထွက်လာခဲ့ပါသေးတယ်။ အဲဒီကောလာဟလအပေါ်မှာ James Bond နေရာကို အသက်ငယ်ရွယ်တဲ့သရုပ်ဆောင်တွေအသုံးပြုဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ လူငယ် James Bond ဆိုတာ မလွယ်ကူကြောင်း casting director ဖြစ်သူ Debbie McWilliams က တုံ့ပြန်လာပါတယ်။

◼ လူငယ် James Bond ဆိုတာမဖြစ်နိုင်ကြောင်းကို Dabbie McWilliams က Radio Times နဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုပြောလာပါတယ်။ 

"ကျွန်မတို့စလုပ်ကြတုန်းက နည်းနည်းကွဲပြားချင်တယ် လို့ တွေးမိတယ်။ လူငယ်သရုပ်ဆောင်တွေကိုလည်း ကျွန်မတို့ကြည့်ခဲ့ကြပါတယ်။ ကျွန်မကတော့ သူတို့မှာအတည်အတံ့လုပ်နိုင်စွမ်းမရှိဘူးလို့ထင်တယ်။ အတွေ့အကြုံလဲမရှိဘူး၊ ဒီဇာတ်ကောင်နေရာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်လဲမရှိကြဘူး။ သူတို့ယူရမှာကတစ်စိတ်တစ်ပိုင်းတည်းမှမဟုတ်တာ၊ အကုန်လုံးကိုသူတို့တာဝန်ယူရမှာလေ။ ဆိုတော့ ကျွန်မတို့အဲဒီအကြံကိုဖျက်သိမ်းလိုက်တယ်။ ဘုတ်အဖွဲ့ခေါ်ပြီးအသစ်ကနေပြန်စတယ်။"

◼ James Bond သရုပ်ဆောင်တွေဟာ James Bond အဖြစ် ရွေးချယ်ခံရစဥ်က Mainstream သရုပ်ဆောင်တွေမဟုတ်ခဲ့ကြကြောင်းကိုလည်း Dabbie McWilliams က အဆိုပါအင်တာဗျူးမှာပြောခဲ့ပါသေးတယ်။

◼ Daniel Craig ကို James Bond အဖြစ် ရွေးချယ်စဥ်အခါက ဝေဖန်သံများစွာထွက်ပေါ်ခဲ့ပေမယ့်လည်း Casino Royale, Quantum of Solace, Skyfall, Spectre နဲ့ No Time To Die ဆိုတဲ့ ရုပ်ရှင်ငါးကားမှာ James Bond အ​ဖြစ် သရုပ်ဆောင်ခွင့်ရခဲ့ကာ ဝေဖန်သံတွေကိုတိတ်သွားအောင်လုပ်ပြနိုင်ခဲ့ပါတယ်။

Ref: Variety

McGarrett ရေးသည်။


Post a Comment

0 Comments