Speak No Evil ကို ဟောလိဝုဒ် remake အဖြစ် ပြန်လည်ရိုက်ကူးသွားမယ်
ဧပြီ ၁၈၊ ၂၀၂၃။
◼ ၂၀၂၂ က ထွက်ခဲ့တဲ့ နာမည်ကျော် ဒိန်းမတ် horror/thriller ရုပ်ရှင် Speak No Evil ကို ဟောလိဝုဒ် remake အဖြစ် ပြန်လည်ထုတ်လုပ်သွားတော့မှာဖြစ်ပါတယ်။
◼ Speak No Evil remake ကို ဟောလိဝုဒ်က နာမည်ကျော် horror/thriller ထုတ်လုပ်ရေးကုမ္ပဏီ Blumhouse Production က တာဝန်ယူရိုက်ကူးထုတ်လုပ်သွားမှာဖြစ်ပြီး Split, Glass, It: Chapter Two နဲ့ The Chronicles of Narnia: The Lion, the Witch and the Wardrobe သရုပ်ဆောင် James McAvoy က အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့သရုပ်ဆောင်စာရင်းကိုတော့မသိရသေးပါဘူး။
◼ ၂၀၁၂ ထုတ် The Woman in Black ရဲ့ ဒါရိုက်တာ James Watkins က Speak No Evil remake ကို ဒါရိုက်တာအဖြစ်သာမက ဇာတ်ညွှန်းပါရေးသားကာ ရိုက်ကူးပေးသွားမှာဖြစ်ပြီး သြဂုတ် ၉၊ ၂၀၂၄ မှာ ရုံတင်ပြသမှာပါ။
◼ Speak No Evil ရုပ်ရှင်ဟာ ဒိန်းမတ်လူမျိုးမိသားစုတစ်စုက ဒတ်ချ်မိသားစုတစ်စုဆီကိုရောက်ရှိသွားရာကနေ အဖြစ်ဆိုးတွေဖြစ်ပေါ်လာပုံအကြောင်းကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။
Ref: Deadline
McGarrett ရေးသည်။
0 Comments