၂၆ ကားမြောက် James Bond ရုပ်ရှင်သစ်ကို Phoebe Waller-Bridege မှ ရေးသားရိုက်ကူးဖွယ်ရှိနေ
ဧပြီ ၃၊ ၂၀၂၃။
◼ သရုပ်ဆောင် Daniel Craig ရဲ့ James Bond ရုပ်ရှင် No Time To Die အပြီးမှာ MGM နဲ့ Broccoli တွေဟာ ၂၆ ကားမြောက် James Bond ရုပ်ရှင်သစ်ကို သရုပ်ဆောင်အသစ်နဲ့ reboot ချ သွားတော့မှာဖြစ်ပါတယ်။
◼ ပရိသတ်တွေကတော့ James Bond အသစ် ဘယ်သူဖြစ်မလဲဆိုတာအပေါ် ရင်ခုန်မျှော်လင့်နေကြသလို ပရိသတ်တွေဘက်ကလည်း James Bond နေရာအတွက် ၎င်းတို့ဘာသာ သရုပ်ဆောင်တွေကိုခန့်မှန်းနေကြပါတယ်။
◼ အင်္ဂလန်အခြေစိုက် Daily Mail သတင်းရဲ့ သတင်းဆောင်းပါးတစ်ပုဒ်အရ Fleabag သရုပ်ဆောင် Waller-Bridege ဟာ James Bond ရုပ်ရှင်သစ်ကို ဇာတ်လမ်းရေးသားပေးရုံသာမက ဒါရိုက်တာအဖြစ်ပါတာဝန်ယူရိုက်ကူးနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
◼ အဆိုပါသတင်းအရ Phoebe Waller-Bridge နဲ့ James Bond ထုတ်လုပ်သူ Barbara Broccoli ဟာ James Bond ရုပ်ရှင်သစ်အတွက် ဆွေးနွေးစကားပြောခဲ့ကြောင်း၊ Phoebe Waller-Bridge ရဲ့ အချိန်ဇယားအပေါ်မူတည်ပြီး အပြောင်းအလဲများစွာရှိနိုင်ကြောင်း၊ Barbara Broccoli ဟာ James Bond ရုပ်ရှင်သစ်အတွက် Phoebe Waller-Bridge ကို ရိုက်ကူးစေလိုကြောင်း သိရပါတယ်။ သို့ပေမယ့် ကာယကံရှင်နဲ့ထုတ်လုပ်သူများဘက်ကတော့ တရားဝင်အတည်ပြုထားခြင်းမရှိသေးပါဘူး။
◼ Phoebe Waller-Bridge ဟာ သရုပ်ဆောင်အပြင် ဇာတ်ညွှန်းဆရာမတစ်ယောက်လည်းဖြစ်ပြီး No Time To Die ကိုလည်း ကူညီရေးသားပေးခဲ့ဖူးပါသေးတယ်။ ဒါ့အပြင် ၂၀၂၃ မှာ ရုံတင်မယ့် Indiana Jones and the Dial of Destiny မှာလည်း Phoebe Waller-Bridge ပါဝင်ထားပါတယ်။
◼ ယနေ့အထိ James Bond အသစ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာ တရားဝင်ထုတ်ပြန်ကြေညာမှုမျိုးတွေမတွေ့ရသလို တိကျသေချာမှုမရှိတဲ့ ပရိသတ်ထင်မြင်ချက်များ၊ ကောလာဟလများသာတွေ့ရပါသေးတယ်။
◼ ၂၀၂၂ စက်တင်ဘာလထဲကထွက်ရှိလာတဲ့သတင်းများအရ James Bond ဟာ လူတွေလိုမျိုးပဲ ဇာတ်ကောင်ဆင့်ကဲတိုးတက်မှုတွေရှိလာမှာဖြစ်သလို James Bond အသစ်ရွေးချယ်မှုဟာ အရမ်းစောနေသေးကြောင်း၊ James Bond သရုပ်ဆောင်သစ်ဟာ အသက်၃၀ပတ်လည်ရှိရမှာဖြစ်ပြီး သရုပ်ဆောင်သက်တမ်းများပြားကာ ဆယ်နှစ်စာချုပ်နဲ့သရုပ်ဆောင်ရမှာဖြစ်ကြောင်း ထုတ်လုပ်သူတွေဖြစ်ကြတဲ့ Barbara Broccoli နဲ့ Michael G. Wilson တို့ရဲ့ပြောပြချက်များအရသိရပါတယ်။
◼ ၂၀၂၂ ထဲမှာ သရုပ်ဆောင် Aaron Taylor-Johnson နဲ့ Idris Elba တို့ဟာ James Bond သစ် ဖြစ်လာမယ် ဆိုပြီး သတင်းထွက်ခဲ့ပေမယ်လည်း အဲဒီသတင်းနဲ့ပတ်သက်ပြီး နှစ်ဦးစလုံးကငြင်းဆိုထားခဲ့ပါတယ်။
Ref: Internet
McGarrett ရေးသည်။
0 Comments