Once Upon A Time.. In Hollywood မှာ Bruce Lee ကို ရယ်စရာဖြစ်အောင်လုပ်ထားတယ်
ဧပြီ ၃၊ ၂၀၂၃။
◼ ဟောလိဝုဒ်ရဲ့ဝါရင့်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Quentin Tarantino ရဲ့ ၂၀၁၉ ရုပ်ရှင် Once Upon A Time.. In Hollywood ဟာ လူကြိုက်များရလဒ်ကောင်းခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်သလို အော်စကာဆုနှစ်ဆုလည်းရရှိခဲ့ပါတယ်။
◼ Once Upon A Time.. In Hollywood မှာ အာရှဂုဏ်ဆောင် အက်ရှင်သရုပ်ဆောင် Bruce Lee ကို ထည့်သွင်းပြသခဲ့သလို Bruce Lee အဖြစ် Mike Mao အဖြစ် ပါဝင်ခဲ့ပါတယ်။ Bruce Lee ဟာ Brad Pitt ရဲ့ Cliff Booth နဲ့ အကဲစမ်းဖိုက်တင်ချတဲ့အခါမှာ ကိုင်ပေါက်ခံခဲ့ရတာဖြစ်ပြီး Bruce Lee ကို လေကြီးတဲ့သရုပ်ဆောင် ဆိုပြီး ဇာတ်လမ်းအရပုံဖော်ထားခဲ့ပါတယ်။ အဲဒီပြကွက်ဟာ Bruce Lee ပရိသတ်တွေကြားမှာ အငြင်းပွားစရာတွေဖြစ်ခဲ့ပြီး Quentin Tarantino ဟာ ဝေဖန်ခံခဲ့ရပါတယ်။
◼ ဟောင်ကောင်အက်ရှင်သရုပ်ဆောင် Donnie Yen ကတော့ Once Upon A Time.. In Hollywood မှာ
ပါဝင်တဲ့ Bruce Lee ဇာတ်ဝင်ခန်းနဲ့ပတ်သက်ပြီး ၎င်းရဲ့အမြင်မှာ ရယ်စရာကောင်းအောင်လုပ်ထားတာဖြစ်ပြီး ကာတွန်းဆန်တယ် လို့ မှတ်ချက်ပေးထားပါတယ်။
◼ Variety သတင်းဌာနနဲ့အင်တာဗျူးမှာ Donnie Yen က Once Upon A Time.. In Hollywood မှာ
ပါတဲ့ Bruce Lee နဲ့ပတ်သက်ပြီး ၎င်းရဲ့အမြင်ကို အခုလိုမှတ်ချက်ပြုထားပါတယ်။
"လူတိုင်းမှာ ကိုယ့်အမြင်ကိုယ်ဖော်ထုတ်ခွင့်ရှိတယ်လေ။ Quentin Tarantino ဆိုတာ နာမည်ကြီးဒါရိုက်တာတစ်ယောက်ပါ၊ သူကလဲ သူ့အမြင်သူဖော်ထုတ်ခွင့်ရှိတယ်။ ကျွန်တော်လည်း ကျွန်တော့်အမြင်ကိုထုတ်ဖော်ခွင့်ရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူက Bruce ကို လူရယ်စရာဖြစ်အောင်လုပ်ထားတာ။ အရမ်းကာတွန်းဆန်တယ်။"
◼ Bruce Lee ရဲ့ သမီးဖြစ်သူ Shannon Lee ကလည်း Once Upon A Time.. In Hollywood မှာပြသခဲ့တဲ့ Bruce Lee နဲ့ ပတ်သက်ပြီး Quentin Tarantino ကို ဝေဖန်ခဲ့ပါသေးတယ်။
◼ Donnie Yen ရဲ့ Ip Man ရုပ်ရှင်တွေမှာ ဟောလိဝုဒ်က သရုပ်ဆောင်တွေဖြစ်တဲ့ Mike Tyson နဲ့ Scott Adkins တို့လည်းပါဝင်ထားသလို Bruce Lee ဇာတ်ကောင်ကိုလည်း အသုံးပြုထားပါသေးတယ်။ Donnie Yen ဟာ Mandarin နဲ့ Cantonese စကားပြော အက်ရှင်ကားများစွာကိုရိုက်ကူးခဲ့သလို John Wick: Chapter 4 အပါအဝင် Mulan, XXX: Return of Xander Cage, Blade II, Rogue One: A Star War Story စတဲ့ ဟောလိဝုဒ်ရုပ်ရှင်တွေမှာလည်းပါဝင်ခဲ့ပါတယ်။
◼ Donnie Yen ဟာ လက်ရှိမှာ John Wick: Chapter 4 မှာ Caine အဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး Caine ဇာတ်ကောင်အတွက် spin-off တစ်ခုလိုချင်မိကြောင်း၊ Keanu Reeves နဲ့ အလုပ်လုပ်ရတာကိုသဘောကျကြောင်း အဆိုပါအင်တာဗျူးမှာ ပြောခဲ့ပါသေးတယ်။
◼ John Wick: Chapter 4 ဟာ သွေးထွက်သံယိုများလွန်းတဲ့အတွက် တရုတ်နိုင်ငံက ပြသခွင့်မပေးခဲ့ပါဘူး။
Ref: Variety
McGarrett ရေးသည်။
0 Comments