Porpular

6/recent/ticker-posts

The Exorcist Reboot ဟာ အစွန့်စားရဆုံးရုပ်ရှင် လို့ ပြောလာ

The Exorcist Reboot ဟာ အစွန့်စားရဆုံးရုပ်ရှင် လို့ ပြောလာ

ဧပြီ ၂၊ ၂၀၂၃။

◼ ဟောလိဝုဒ်က ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Jason Blum နဲ့ ၎င်းရဲ့ထုတ်လုပ်ရေးကုမ္ပဏီ Blumhouse Production ဟာ နာမည်ကျော် horror နဲ့ slasher ရုပ်ရှင်တွေကို ထုတ်လုပ်ကာ နာမည်တစ်ခုကိုအရယူခဲ့ပါတယ်။

◼ Halloween (2018), Halloween Kills (2021) နဲ့ Halloween Ends (2022) ဟာ Blumhouse ရဲ့ အထင်ကရ slasher ရုပ်ရှင်တွေဖြစ်ပြီး ယခုအခါမှာတော့ ၁၉၇၃ က ထွက်ခဲ့တဲ့ နာမည်ကျော် horror ရုပ်ရှင် The Exorcist ကို reboot ချပြီး ပုံစံအသစ်နဲ့ ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

◼ The Exorcist reboot ကို Halloween သုံးကားတွဲရဲ့ဒါရိုက်တာ David Gordon Lee က တာဝန်ယူရိုက်ကူးခဲ့တာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၁၃၊ ၂၀၂၃ မှာ ရုံတင်ပြသသွားမှာပါ။

◼ ထုတ်လုပ်သူ Jason Blum ကတော့ The Exorcist reboot ဟာ ၎င်းထုတ်လုပ်ခဲ့သမျှရုပ်ရှင်တွေထဲမှာ အစွန့်စားရဆုံးရုပ်ရှင်တစ်ကားဖြစ်တယ်လို့ မှတ်ချက်ပေးလာပါတယ်။

◼ The Exorcist reboot ဟာ ကုန်ကျစရိတ်များပြားရုံသာမက ဖြန့်ချိပြသပေးမယ့် Universal Studios အတွက်ပါ စွန့်စားမှုအများဆုံးရုပ်ရှင်တစ်ကားဖြစ်ကြောင်းကို Jason Blum က IndieWire သတင်းနဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုပြောပြလာပါတယ်။

"ကျွန်တော်ထုတ်သမျှထဲမှာ စွန့်စားမှုအများဆုံးရုပ်ရှင်ကတော့ အဲဒီရုပ်ရှင်က မထွက်ရသေးဘူးဗျ၊ The Exorcist reboot လေဗျာ။ အရမ်းကုန်ကျစရိတ်များလို့ပေါ့ဗျာ။ များသောအားဖြင့် ကျွန်တော်တို့လုပ်သမျှမှာအောင်မြင်တာက စျေးမသက်သာဘူးဆိုတာနည်းလို့ပဲ။"

◼ The Exorcist reboot အပြင် နောက်ထပ် sequel နှစ်ကားကိုပါထပ်မံထုတ်လုပ်ဖို့ပြင်ဆင်ထားတာဖြစ်ပြီး Blumhouse Production နဲ့ Morgan Creek Entertainment တို့ဟာ ဒီသုံးကားကိုဖြန့်ချိပြသဖို့အတွက် Universal Studios နဲ့ Peacock TV တို့နဲ့ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး အဲဒီစာချုပ်ရဲ့တန်ကြေးပမာဏဟာ ကန်ဒေါ်လာသန်းလေးရာအထိရှိပါတယ်။ အဲဒါကြောင့် The Exorcist reboot ဟာ စွန့်စားမှုအများဆုံးရုပ်ရှင်လို့ ပြောလာတာပါ။

◼ The Exorcist reboot မှာ မူရင်းရုပ်ရှင်ထဲက Ellen Burstyn ကို Chris MacNeil အဖြစ်၊ Linda Blair က Regan MacNeil အဖြစ် ပြန်လည်ပါဝင်လာဦးမှာဖြစ်ပါတယ်။

◼ ဒါရိုက်တာ William Friedkin ရိုက်ကူးခဲ့တဲ့ မူရင်း The Exorcist ဟာ ၁၉၇၀ အစောပိုင်းနှစ်တွေမှာ ထွက်ရှိခဲ့တဲ့ စာရေးဆရာ William Peter Blatty ရဲ့ The Exorcist ဝတ္ထုကို အခြေခံထားတာဖြစ်ပြီး ရုပ်ရှင်ရဲ့ဇာတ်ညွှန်းကိုလည်း စာရေးဆရာ William Peter Blatty ကိုယ်တိုင် ပြန်လည်ရေးသားခဲ့တာပါ။

◼ The Exorcist ဟာ အကောင်းဆုံး ဇာတ်ညွှန်းဆုနှင့် အကောင်းဆုံး အသံဆုများ အပါအဝင် အော်စကာဆု ၁၀ လျာထားခြင်းခံခဲ့ရပြီး ၂၀၁၇ ခုနှစ်မတိုင်ခင်ထိ ဝင်ငွေအကောင်းဆုံး R-rated ဇာတ်ကား အဖြစ် ရပ်တည်ခဲ့ပါတယ်။

Ref: ComicBook

Sub-Zero ရေးသည်။



Post a Comment

0 Comments