၂၀၂၅ မှာ ရုံတင်ပြသမယ့် Jason Momoa ရဲ့ Minecraft live-action ရုပ်ရှင်
ဧပြီ ၁၀၊ ၂၀၂၃။
◼ နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Minecraft ကို live-action ရုပ်ရှင်တစ်ကားအဖြစ် Warner Bros. က ဖန်တီးထုတ်လုပ်သွားမှာဖြစ်ပါတယ်။ Minecraft live-action ရုပ်ရှင်မှာ Aquaman သရုပ်ဆောင် Jason Momoa က အဓိကနေရာကနေ ပါဝင်သွားမှာဖြစ်ပြီး Napoleon Dynamite ဒါရိုက်တာ Jared Hess က ဒါရိုက်တာနေရာကနေ တာဝန်ယူရိုက်ကူးသွားမှာပါ။
◼ Java Programming language ကနေ ဖန်တီးခဲ့တဲ့ Minecraft ဂိမ်းဟာ ၂၀၂၁ အထိ လစဥ်ကစားသူ သန်း ၁၄၀ အထိ ရှိတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ၂၀၁၁ နိုဝင်ဘာလမှာ စတင်ထွက်ရှိလာတာဖြစ်ပါတယ်။
◼ Warner Bros. ဟာ Minecraft ကို ရုပ်ရှင်အဖြစ်ရိုက်ကူးဖို့အတွက် မူပိုင်ခွင့်ကို ၂၀၁၄ မှာ အပြီးသတ်ဝယ်ယူခဲ့တာဖြစ်ပြီး ၂၀၂၂ မှာ ရုံတင်ပြသဖို့လျာထားပေမယ့်လည်း Covid-19 ကပ်ရောဂါအခြေအနေကြောင့် ရုံတင်ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။
◼ ယခုအခါမှာတော့ Minecraft live-action ရုပ်ရှင်ကို ဧပြီ ၄၊ ၂၀၂၅ မှာ ရုံတင်ပြသမှာဖြစ်ကြောင်း Warner Bros. ဘက်က အတည်ပြုကြေညာလာပြီဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့မသိရသေးပါဘူး။
◼ ဒါ့အပြင် Warner Bros. ဟာ Jason Momoa ရဲ့ DCEU ရုပ်ရှင်သစ်ဖြစ်တဲ့ Aquaman and the Lost Kingdom ကိုလည်း မူလရုံတင်ရက်ဖြစ်တဲ့ ၂၀၂၃ ခရစ္စမတ်ကနေ ဒီဇင်ဘာ ၂၀၊ ၂၀၂၃ ကို ပြောင်းရွှေ့လိုက်ပါသေးတယ်။
Ref: Deadline
Sub-Zero ရေးသည်။
0 Comments