KGF Chapter 3 ထွက်မည်ဟု တရားဝင်အတည်ပြုလာ
Sandalwood | ဧပြီ ၁၄၊ ၂၀၂၃။
◼ ၂၀၁၈ နဲ့ ၂၀၂၂ မှာ ရုံတင်ခဲ့တဲ့ အိန္ဒိယတောင်ပိုင်း Kannada စကားပြောရုပ်ရှင်တွေဖြစ်တဲ့ KGF Chapter 1 နဲ့ KGF Chapter 2 ဟာ အိန္ဒိယပရိသတ်ကြားမှာသာမက ဟောလိဝုဒ်အထိပါအောင်မြင်ခဲ့ပြီး ရေပန်းစားခဲ့တဲ့ရုပ်ရှင်နှစ်ကားဖြစ်ပါတယ်။
◼ KGF Chapter 2 ရဲ့ အဆုံးသတ်ခန်းမှာ KGF Chapter 3 အတွက် အနည်းငယ်မိတ်ဆက်ထားပေမယ့် တရားဝင်အတည်ပြုခြင်းမရှိသေးတဲ့အတွက် ပရိသတ်တွေက ရင်ခုန်စောင့်မျှော်နေကြပါတယ်။ ယခုအခါမှာတော့ KGF နှစ်ကားရဲ့ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Hombali Films ဘက်က KGF Chapter 3 အတွက် တရားဝင်ခွင့်ပြုအတည်ပြုလာပြီဖြစ်ပါတယ်။
◼ ဒီကနေ့ ဧပြီ ၁၄ မှာ Hombali Films က ၎င်းတို့ရဲ့တရားဝင် Facebook နဲ့ Twitter စာမျက်နှာတွေမှာ "The most powerful promise kept by the most powerful man 💥" ဆိုတဲ့ စာသား နဲ့ ၂မိနစ်စာ ဗွီဒီယိုတစ်ခုကိုမျှဝေရင်း KGF Chapter 3 ကို အတည်ပြုပေးခဲ့တာပါ။ အဆိုပါဗွီဒီယိုနဲ့ KGF Chapter 2 က ဇာတ်ဝင်ခန်းတချို့အရ KGF Chapter 3 ဟာ ၁၉၇၈ နဲ့ ၁၉၈၁ ကြား ကာလကို ဇာတ်အိမ်ယူထားနိုင်ချေရှိတယ်လို့ သုံးသပ်နိုင်ပါတယ်။
◼ KGF နှစ်ကားစလုံးဟာ အိန္ဒိယဒုစရိုက်လောကနဲ့ ရွှေမှောင်ခိုကူးမှုအကြောင်းကို ဇာတ်လမ်းဖန်တီးထားတာဖြစ်ပြီး ဒါရိုက်တာ Prashanth Neel က နှစ်ကားစလုံးကို ရိုက်ကူးပေးထားကာ သရုပ်ဆောင် Yash က အဓိကဇာတ်ကောင် Rocky အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ KGF Chapter 1 ဟာ ဘတ်ဂျက်ငွေ အိန္ဒိယရူပီး ကုဋေ ၈၀ အသုံးပြုကာ ရုံတင်ငွေ ကုဋေ ၂၅၀ ကျော် ပြန်လည်ရရှိခဲ့သလို KGF Chapter 2 ဟာလည်း ဘတ်ဂျက်ငွေ အိန္ဒိယရူပီး ကုဋေ ၁၀၀ အသုံးပြုကာ ရုံတင်ငွေ ကုဋေ ၁၂၀၀ ကျော် ပြန်လည်ရရှိခဲ့ပါတယ်။
◼ KGF Chapter 3 ရဲ့ ပြသရက်နဲ့အသေးစိတ်ကိုတော့ Hombali Films ဘက်က အတည်ပြုကြေညာခြင်းမရှိသေးပါဘူး။
Ref: Hombali Films
McGarrett ရေးသည်။
0 Comments