Porpular

6/recent/ticker-posts

Squid Game ကို ဟောလိဝုဒ် remake အဖြစ် ပြန်လည်ရိုက်ကူးဖွယ်ရှိနေ

Squid Game ကို ဟောလိဝုဒ် remake အဖြစ် ပြန်လည်ရိုက်ကူးဖွယ်ရှိနေ


ဧပြီ ၁၄၊ ၂၀၂၃။

◼ ၂၀၂၁ က Netflix မှာ ပြသခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ Squid Game ဟာ မြန်မာနဲ့ အာရှဒေသမှာသာမက အနောက်တိုင်းဟောလိဝုဒ်အထိမှာပါ ရေပန်းစားခဲ့ပြီး အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Squid Game ဟာ နောက်ထပ် Season 2 လည်း ထပ်မံထွက်ရှိလာဖို့ရှိပါသေးတယ်။

◼ Squid Game ရဲ့ အဲဒီလိုအောင်မြင်မှုကြောင့် အနောက်တိုင်းဟောလိဝုဒ်ကလည်း Squid Game ကို ဟောလိဝုဒ်ပုံစံနဲ့ remake ရိုက်ကူးဖို့ပြင်ဆင်လာနေပါတယ်။ ဟောလိဝုဒ်က ရုပ်ရှင်သတင်းထောက် Jeff Sneider ရဲ့ The Hod Mike Podcast အစီအစဥ်အရ Netflix ဟာ Squid Game remake ကို ဇာတ်လမ်းတည်ဆောက်နေပြီး Fight Club, Se7en, Zodiac နဲ့ The Girl With The Dragon Tattoo တို့ရဲ့ ဒါရိုက်တာ David Fincher ကို ထုတ်လုပ်သူအဖြစ်တာဝန်ယူစေကာ ရိုက်ကူးသွားဖွယ်ရှိနေကြောင်းသိရပါတယ်။

◼ David Fincher နဲ့ Netflix ဘက်ကတော့ Squid Game remake နဲ့ ပတ်သက်ပြီး တရားဝင်အတည်ပြုခြင်းမရှိသေးပါဘူး။ Squid Game remake သာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင်တော့ ဝေဖန်သံတွေနဲ့အားပေးသံတွေရဲ့ ယှဥ်ပြိုင်မှုတွေဟာ အင်တာနက်မှာဂယက်ထလာမှာအသေအချာပါပဲ။

◼ ပြီးခဲ့တဲ့ ၂၀၂၂ ထဲကလည်း AMC ရဲ့ နာမည်ကျော် Breaking Bad ကို ကိုရီးယား remake အဖြစ် ပြန်လည်ထုတ်လုပ်ဖို့တရားဝင်ကြေညာခဲ့ပြီးတဲ့နောက်မှာ Breaking Bad ပရိသတ်တွေရဲ့ဝေဖန်မှုတွေမြင့်တက်လာပါသေးတယ်။

◼ Squid Game Season 2 ကို ၂၀၂၃ နှစ်ကုန် သို့မဟုတ် ၂၀၂၄ ထဲမှာမှ ကြည့်ရှုရဖွယ်ရှိပါတယ်။

Ref: ComicBook

McGarrett ရေးသည်။


Post a Comment

0 Comments