Robocop ရုပ်ရှင်သစ်နဲ့ဇာတ်လမ်းတွဲထုတ်လုပ်ရန် MGM နဲ့ Amazon Prime Video ပြင်ဆင်နေ
ဧပြီ ၁၄၊ ၂၀၂၃။
◼ ပြီးခဲ့တဲ့ ၂၀၂၂ မတ်လမှာ Amazon Prime Video ဟာ နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်ဖြန့်ချိရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ MGM Studios ကို ကန်ဒေါ်လာ ၈.၅ ဘီလျံနဲ့ အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။ အဲဒီလိုဝယ်ယူပြီးချိန်ကတည်းက Amazon Prime Video နဲ့ MGM တို့ဟာ များစွာသော ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲပရောဂျက်သစ်တွေကို ပြင်ဆင်တည်ဆောက်နေလျက်ရှိပါတယ်။
◼ Deadline သတင်းရဲ့ဆောင်းပါးတစ်ပုဒ်အရ Amazon Prime Video နဲ့ MGM ဟာ နာမည်ကျော် franchise တစ်ခုဖြစ်တဲ့ Robocop အပါအဝင် တခြားရုပ်ရှင်ပရောဂျက်တွေဖြစ်တဲ့ Stargate, Legally Blonde, Fame, Barbershop, The Magnificent Seven, Pink Panther နဲ့ The Thomas Crown Affair တို့ကို reboot ချ ပြန်လည်ထုတ်လုပ်ဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။ အဲဒီပရောဂျက်တွေကိုဖန်တီးဖို့အတွက် MGM နဲ့ Amazon Prime Video ဟာ A-list အဆင့်ရှိ ဖန်တီးမှုပညာရှင်တွေကိုခေါ်ယူထားကြောင်းသိရပါတယ်။
◼ အဆိုပါဆောင်းပါးအရ ပရောဂျက်တစ်ခုစီကို ရုပ်ရှင်ဖြစ်စေ၊ ဇာတ်လမ်းတွဲဖြစ်စေ၊ ရုပ်ရှင်ရောဇာတ်လမ်းတွဲပါဖြစ်စေ ဖန်တီးသွားမှာဖြစ်ကြောင်း၊ Robocop ကို ရုပ်ရှင်ရော ဇာတ်လမ်းတွဲကိုပါထုတ်လုပ်သွားမှာဖြစ်ကြောင်းနဲ့ Robocop ဇာတ်လမ်းတွဲကို အရင်ဆုံးထုတ်လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
◼ Fame, Barbershop နဲ့ The Magnificent Seven တို့ကို ဇာတ်လမ်းတွဲအဖြစ်၊ Thomas Crown Affair နဲ့ Poltergeist ကို ရုပ်ရှင်အဖြစ် နဲ့ Pink Panther ကို animated ရုပ်ရှင်အဖြစ် အသီးသီးထုတ်လုပ်သွားဖို့လည်းရည်ရွယ်ထားကြောင်း Deadline ရဲ့ အဆိုပါသတင်းဆောင်းပါးအရသိရပါတယ်။ ဒါ့အပြင် Michael B. Jordan ရဲ့ Creed ကိုလည်း cinematic universe တစ်ခုအဖြစ် ဖန်တီးဖို့ MGM နဲ့ Amazon Prime Video တို့က ပြင်ဆင်နေကြပါသေးတယ်။
◼ Robocop ဟာ စက်ရုပ်တစ်ပိုင်း၊ လူတစ်ပိုင်း ရဲအရာရှိဇာတ်ကောင်ဖြစ်ပြီး trilogy သုံးကားတွဲတစ်ခုနဲ့ reboot တစ်ကား ထွက်ရှိထားပါတယ်။
◼ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး MGM နဲ့ Amazon Prime Video တို့ဘက်က တစ်စုံတစ်ရာတုံ့ပြန်အတည်ပြုခြင်းမရှိသေးပါဘူး။
Ref: Deadline
McGarrett ရေးသည်။
0 Comments