Porpular

6/recent/ticker-posts

Lord of the Rings ရုပ်ရှင်များထပ်မံထုတ်လုပ်ရန်ပြင်ဆင်မှုအပေါ် သရုပ်ဆောင် Elijah Woods ရဲ့ အထင်အမြင်

Lord of the Rings ရုပ်ရှင်များထပ်မံထုတ်လုပ်ရန်ပြင်ဆင်မှုအပေါ် သရုပ်ဆောင် Elijah Woods ရဲ့ အထင်အမြင်


Lord of the Rings | မတ် ၁၅၊ ၂၀၂၃။

◼ Lord of the Rings ပရိသတ်တွေအနေနဲ့ Lord of the Rings သုံးကားတွဲနဲ့ The Hobbit သုံးကားတွဲအပြင် နောက်ထပ် Lord of the Rings ရုပ်ရှင်သစ်တွေထပ်မံကြည့်ရှူရတော့မှာဖြစ်ပါတယ်။

◼ Warner Bros. Discovery လက်အောက်ခံ Warner Bros. နဲ့ New Line Cinema ဟာ နောက်ထပ် Lord of the Rings ရုပ်ရှင်သစ်များ ထပ်မံထုတ်လုပ်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုများ စတင်လုပ်ဆောင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။

◼ Lord of the Rings ရုပ်ရှင်သစ်တွေကို မူရင်း Lord of the Rings တွေရဲ့ ဒါရိုက်တာ Peter Jackson အပါအဝင် Collaborators များ ဖြစ်ကြတဲ့ Fran Walsh နဲ့ Philippa Boyens တို့ နဲ့ ထုတ်လုပ်သွားဖွယ်ရှိပြီး Middle-Earth Entertainment ခေါင်းစဥ် အောက်ကနေ သီးသန့်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ သီးသန့်ဒါရိုက်တာရွေးချယ်ခြင်းနဲ့ Middle-Earth ရဲ့ ဘယ်လိုအကြောင်းအရာတွေကိုထုတ်လုပ်မလဲဆိုတာကတော့မသိရသေးပါဘူး။

◼ ဒီလိုမျိုး Lord of the Rings ရုပ်ရှင်သစ်တွေကို ထုတ်လုပ်ရန်ပြင်ဆင်မှုအပေါ်မှာ မူရင်း Lord of the Rings သုံးကားတွဲမှာပါဝင်ခဲ့တဲ့ သရုပ်ဆောင် Elijah Woods က ၎င်းရဲ့အထင်အမြင်ကိုပြောပြလာပါတယ်။ Elijah Woods ဟာ Lord of the Rings သုံးကားတွဲမှာ အဓိကဇာတ်ကောင်တစ်ခုဖြစ်တဲ့ Frodo Baggins အဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့အထင်အမြင်ကို GQ မဂ္ဂဇင်းနဲ့အင်တာဗျူးတစ်ခုမှာ အခုလိုပြောပြလာပါတယ်။

"ကျွန်တော့်စိတ်ကိုဖမ်းစားပြီး အံ့သြမိစေပါတယ်။ ကောင်းပါစေလို့မျှော်လင့်တယ်၊ အံ့သြမိသွားတယ်။ နောက်ထပ်ရုပ်ရှင်သစ်တွေထုတ်မှာကို ဘာလို့အံ့သြမိသွားလဲမသိဘူး။ ဒီကိစ္စရဲ့အဓိကရည်ရွယ်ချက်က ပိုက်ဆံရှာဖို့ပဲလေ။ အမှုဆောင်တွေတစ်ချို့က 'ငါတို့ပိုက်ဆံရှာကြရအောင်' ဆိုတဲ့သူမျိုးတွေတော့မဟုတ်ဘူး။ ဘယ်သူ့ကိုမှမနာလိုတာမဟုတ်ဘူးနော်။ ဒါကစီးပွားရေးပါပဲ။ ဒါပေမယ့် စီးပွားရေးကနေလည်း ကောင်းတဲ့အနုပညာတစ်ခုထွက်လာနိုင်တာပဲ။ ဆိုတော့ အဲဒီနှစ်ခုက သီးသန့်စီရှိနေတာတော့မဟုတ်ပါဘူး။"

◼ Warner Bros. နဲ့ Discovery ပူးပေါင်းပြီး Warner Bros. Discovery ဖြစ်ပေါ်လာချိန်ကတည်းက Lord of the Rings ကို ဆက်လက်ထုတ်လုပ်ဖို့အတွက် Warner Bros. Discovery ဘက်က ရည်ရွယ်နေတာဖြစ်ပါတယ်။

◼ Lord of the Rings သုံးကားဟာ ဟောလိဝုဒ်ရုပ်ရှင်သမိုင်းမှာ ဂန္တဝင်မြောက်ရုပ်ရှင်တွေအဖြစ်ရှိခဲ့ကြပြီး ပရိသတ်တွေကလည်း Lord of the Rings ရုပ်ရှင်များထပ်မံထုတ်လုပ်ရန်ပြင်ဆင်မှုအပေါ်ကိုစောင့်ကြည့်နေပါတယ်။

◼ လက်ရှိမှာ Warner Bros. Discovery လက်အောက်ခံ Warner Bros. Animation ဟာ The Lord of the Rings: The War of the Rohirrim ဆိုတဲ့ animated ရုပ်ရှင်တစ်ကားကို ထုတ်လုပ်ပြင်ဆင်နေတာဖြစ်ပြီး ၂၀၂၄ ဧပြီလမှာ ပြသမှာပါ။ 

◼ ဒါ့အပြင် Amazon Prime ရဲ့ The Lord of the Rings: The Rings of Power ဇာတ်လမ်းတွဲတစ်ခုလည်းထွက်ရှိထားပါသေးတယ်။

Ref: The Hollywood Reporter

McGarrett ရေးသည်။



Post a Comment

0 Comments